Chapter 28

1.7K 226 13
                                    

Zawgyi

အချိန်ပြည့်ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်
အဖြေလွှာအပ်ရန် လောနေပြီဖြစ်သည်။
စာမေးပွဲမဖြေခင် တစ်ပတ်အလိုလောက္မှ
ပုသိမ်ကို ပြန်ခဲ့ပြီး ကိုကြီးဉာဏ်လင်းကလည်း
ဖြစ်ကြောင်းကုန်စင်သိနေတော့ ထူးပြီးမဆူနိုင်တော့ ။ မှီသလောက် စာပြန်နွှေးပြီး စာမေးပွဲအတွက် ပြင်ဆင်ရသည်။ အခုဆို နှစ်ပတ်လောက် အချိန်ကုန်သွားပြီး ကိုစစ်နဲ့လည်း
မဆက်သွယ်ဖြစ် ။ ညဘက်ဖုန်းဆက်တဲ့အချိန်
အန်တီကြည်ဖြူပဲ ကိုင်ပြီး ကိုစစ်က အိပ်နေတယ်ဟုသာ ပြောသည်။ ကိုစစ်နဲ့ အမြန်တွေ့ချင်နေပြီ။ အဖြေတိုက်နေတဲ့ ကျောင်းသားများကြား
တွန်းတိုက်ပြီး အဆောင်ပြင်ကိုထွက်လိုက်တော့
လာကြိုနှင့်သော မာမီ့ကို တွေ့သည်။

"" မာမီ ရန်ကုန်သွားမယ်နော် အခု ""

ဒေါ်မေသူက အားယူပြုံးလိုက်ပြီး

"" အင်း လိုက်ပို့ပါမယ်။ အိမ်ကိုပြန် အဝတ်အစား
လဲပြီး ခဏနားလိုက်ဉီးလေ ""

"" မနားချင်တော့ဘူး ""

မိုးထက်က သူ့ထက်အနည်းငယ် အရပ်နိမ့်သော
ဒေါ်မေသူ့အင်္ကျီကို ဆွဲကာ ခြေထောက္များမှာ
လည်း လှုပ်လှုပ်ရွရြွဖစ်နေပြီ။

"" မနားရင်လည်း လိုတာတွေတော့ ပြန်ယူရဉီးမယ်မလား ။ လာပါ ကိုထက်ရယ် ။
အိမ်အရင်ပြန်ရအောင်နော် ""

ဒေါ်မေသူက ဖြောင်းဖြသဖြင့် မိုးထက်လည်း
အိမ်အရင်ပြန်ရန် လက်ခံလိုက်သည်။

အခန်းထဲတွင် အဝတ်များကို ခရီးဆောင်အိတ်ထဲ အမြန်ပစ်ထည့်ရင်း ပြာယာခတ်နေသည့်
မိုးထက်ကို ဒေါ်မေသူ ဟနေသော တံခါးကြားလေးမှ ကြည့်နေမိသည်။

ဒီလို သံယောဇဥ္ကြီးတဲ့ ကလေးကို
သူမ ဘယ်လို ဖြောင်းဖြရမလဲ။

"" မာမီ ကားလက္မှတ်ဖြတ်ပြီးပြီလား ""

"" နေ့လည်ကားက ထွက်သွားပြီ ၊
ညနေကားပဲ ရတော့မယ်""

""ဟာ မာမီကလည်း သွားမှာသိရဲ့သားနဲ့
ကြိုမလုပ်ထားဘူး။ ပြီးရော ပြီးရော ""

ကားထွက်ချိန်နှင့် အတော်ကွာသေးတာနဲ့
မိုးထက် ကိုစစ်ကို နောက်တစ်ကြိမ် ဖုန်းခေါ်ကြည့်
လိုက်သည်။ ဒီတစ်ခါတော့ အန်တီကြည်ဖြူတောင် လာမကိုင်တော့ပေ။

AGAIN [ 2Moe Season 2 ]Hikayelerin yaşadığı yer. Şimdi keşfedin