Chapter 15

2.8K 267 44
                                    

Zawgyi

နှစ်ရက်မြောက်နေ့။
ကားပါကင်ထိုးရင်း မျက်နှာချင်းဆိုင်မှာ
တွေ့လိုက်ရသော ကားကြောင့် မိုးထက်ပိုင်
စိတ်အနည်းငယ် လှုပ်ရှားသွားတယ်။
လက် ကောင်းသွားပြီလား။
ပြီးခဲ့တဲ့နှစ်ရက်လုံး စိတ်မလုံသလိုခံစား
နေရတာမို့လို့ ဒီနေ့တွေ့ရင် "လက်ဘယ်လိုနေလဲ"ဆိုတဲ့စကားကို သုံးဖို့ မိုးထက်ပိုင်
ကြိုတွေးပြီး ဓာတ်လှေကားထဲဝင်လိုက်
သည်။သူခြေထောက်တစ်ဖက်ကို ကြမ်းပြင်နှင့် ခက်ဖွဖွ ရိုက်နေမိသည်။
လက်ထဲက ကိုင်လာတဲ့အိတ်ကို ဖြစ်ညှစ်မိခြင်းနှင့်အတူ ခေါင်းပေါ်က ပေါ်နေတဲ့ နံပါတ်အချို့ကို ရေတွက်နေမိသည်။

1

2

2

4..

လေးထပ်။ဓာတ်လှေကားက ပွင့်သွားပြီ။
ဒါပေမယ့်ရှေ့မှာ ရှိနေတဲ့လူကြောင့်
တစ်ဖြတ်ဖြတ်လှုပ်နေတဲ့ ခြေဖျားတွေ
ငြိမ်သက်သွားသည်။နှုတ်ဆက်ရန် တုံ့ဆိုင်းသွားလောက်တဲ့ထိ နှစ်‌ရက်ဆိုတဲ့အချိန်က
ကသိကအောက် ဖြစ်သွားစေနိုင်တာလား။

ထိုလူသည် အနည်းငယ်တည်ကြည်နေသည်။သူ့ကို မြင်တော့ ပတ်တီးပါးပါး
ရှိနေသေးသော လက်ဖြင့် ဖိုင်ကိုင်ထားသောလက်ကို အုပ်ကိုင်လိုက်ပြီး ခေါင်းအနည်းငယ် ညွန့်ပြပြီး ဓာတ်လှေကားထဲသို့ ဝင်လာသည်။

မိုးထက်ပိုင် ဓာတ်လှေကားထဲက ထွက်လိုက်သည်။

""ဟို....""

သူပြန်လှည့်ချိန်တွင် အပိတ်တံခါးတစ်ခု၌သာ ကြောင်တောင်တောင်ကျန်ခဲ့သည်။

ဘာလဲ..အခုက ဘာလဲ။

""ထက် ဒီမှာ..""

ရွှေရည်ထိုးပေးလာသော အချိန်ဇယားကို
ကြည့်ရင်း မိုးထက်ပိုင် လက်တို့ စားပွဲခုံပေါ်ခေါက်နေသည်။

""နင်ဘာဖြစ်နေတာလဲ""

""ဟွန်...""

ပြန်ထူးတဲ့အသံကိုတည်းက ကြောင်စီစီနဲ့။
မော့ကြည့်လာသော မိုးထက်ပိုင်မျက်ဝန်းတွေက တစ်နေရာရာမှာ စိတ်လွင့်နေတယ်
ဆိုတာကို ရွှေရည်သိသည်။

""ဘာဖြစ်နေတာလဲ စိတ်မပါလက်မပါနဲ့""

""အာ..ဟိုဟာ daddyက စင်ကာပေါ်ကို
အားရင် ခဏလောက်အလည်လာဦးဆိုလို့
အဲ့တာ အားတဲ့အချိန်မရှိလောက်ဘူးထင်လို့""

AGAIN [ 2Moe Season 2 ]Wo Geschichten leben. Entdecke jetzt