Chapter 33

1.5K 153 8
                                    

Zawgyi

""ရော့  လဲပြီး ထွက်လာခဲ့ ""

တော်တော်နောက်ကျမှ အိပ်ပျော်ဖြစ်သွား
သောကြောင့် ဝီလျံ နိုးသည့်အချိန်မှာ
ခါတိုင်းထက် နောက်ကျနေသည်။
ပုံမှန်ဆို ဖုန်းမှ Alarm မြည်တတ်သော်လည်း
ဝီလျံ ပင်ပန်းနေပုံပေါက်၍ မိုးထက်က
ပိတ်ပေးထားခြင်းဖြစ်သည်။
အခုလည်း ဆိုဖာပေါ်မှ ထထိုင်ရုံရှိသေးသည့်
ဝီလျံ့အပေါ်သို့ အထုတ်တစ်ထုတ် ပစ်ထည့်
လိုက်ကာ ချက်ချင်းပြန်ထွက်သွားသည်။

အမြင်မမှားဘူး ဆိုလျှင် ဧပရွန်လေးတောင်
ဝတ်ထားသလားလို့။

အထုတ်ထဲတွင် ပါလာသည်မှာ
အဝတ်တစ်ချို့ဖြစ်သည်။ မီးခိုးရောင် တီရှပ်
လက်တို့နှင့် အနက်ရောက် ဘောင်းဘီဒူးကျ။
တံဆိပ်မဖြုတ်ရသေးတော့ အသစ်ဝယ်လာခြင်း
ဖြစ်မည်။ဝီလျံ အမြန်လဲဝတ်လိုက်သည်။

မိမိကိစ္စပြီးသည်နှင့် ညက သူအိပ်စက်ထားသည့်
နေရာအား သပ်သပ်ရပ်ရပ်ပြန်လည်သိမ်း
ဆည်းလိုက်သည်။ မိုးထက် အလုပ်စားပွဲမှ
ပစ္စည်းများကိုပင် သေချာစီရီပေးလိုက်
သေးသည်။ စိတ်တိုင်းကျ ပြင်ဆင်ပေးပြီးနောက်
လက်ကလေးကို ဖုံခါကာ အခန်းထဲမှ
ထွက်ခဲ့တော့သည်။ မီးဖိုချောင်တွင် အလုပ်ရှုတ်
နေသည့် မိုးထက်ပိုင်နှင့် သူ့အဖေ။
မိုးထက်ပိုင်မှာ ကူညီနေသော်လည်း အကူအညီ
ဖြစ်ပုံမပေါ်။ ဖခင်ဖြစ်သူက အေးဆေးထိုင်နေရန်
ဖြောင်းဖြနေပုံ ရှိသည်။ ဒီလိုနဲ့ မိုးထက်ပိုင်ဟာ
မကျေမနပ်နှင့် ပန်းကန်သာ ဆေးနေလိုက်သည်။

""ကျွန်တော် ဘာကူရမလဲ""

မိုးထက်ပိုင် အဖေက ခဏလှည့်ကြည့်ပြီးနောက်
ထမင်းကြော်ကိုသာ ပြန်လည်အာရုံထားလိုက်သည်။

""မကူနဲ့ဉီး မင်းငါနဲ့အပြင်သွားမယ်""

မိုးထက်ပိုင်သည် ခါးသိမ်သိမ်တွင်
ချည်ထားသော ကြိုးစလေးအား
ဖြည်လျှော့ကာ ပြောရင်း ဝီလျံ့ကို
အကဲခတ်လိုက်သည်။ ဂျယ်ဖြင့်ပုံမသွင်း
ထားသဖြင့် ဝီလျံ့ဆံပင်များဟာ နဖူးပေါ်မှာ
သဘာဝကျကျ ဖြာကျနေသည်။
မိုးထက်ကိုယ်တိုင် ရွေးချယ်လာသော
အဝတ်အစားက ဝီလျံဖြို့၏ ငယ်ရွယ်မှုကို
မီးမောင်းထိုးပြနေသလိုပင်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now