Chapter 18

2.7K 279 37
                                    

Zawgyi

ခြံထဲသို့ ကားဝင်သံကြားသည်နှင့် သူမ
အသင့်ထည့်ထားပြီးတော့ ဖိုက်ပါထမင်းဘူး
လေး နှင့်ဖျော်ပြီးသားအိုဗာတင်းနွေးနွေးအား
ဓာတ်ဘူးသေးလေးအား ဆွဲခြင်းလေးထဲ စီစီရီရီထည့်ကာ အိမ်ရှေ့
ထွက်လာလိုက်သည်။

""မေမေ ရပြီလား ""

အိမ်ထဲ ဝင်ဝင်းချင်း အမေးကြောင့်
အမေဖြစ်သူက ပြုံးကာ

""ရပြီ ၊ ဘယ်သူ့ဖို့လဲ။ သားက
ဆန်ပြုတ်တော့ မသောက်ဘူးမလား""

""အကို မနေ့က ဆေးရုံတက်ရလို့ မေမေရဲ့။
လူမမာဆိုတော့ ဆိုင်ကဝယ်သွားရင်
မစားချင်လောက်ဘူးထင်လို့။ကျေးဇူးပဲ
နော် မေမေ""

""ရပါတယ်။သား အကိုက ဘာဖြစ်တာလဲ""

ကလပ်မှာ ဝိုင်းရိုက်ခံရပါတယ်လို့တော့
ပြန်ဖြေ၍ မဖြစ်။

""လှေကားပေါ်ကပြုတ်ကျတာ မေ ရဲ့။
နံရိုးနှစ်ချောင်း အပ်သွားတယ်တဲ့""

""ဟယ် ဖြစ်ရလေ။ အဲ့ကလေးက တစ်ကိုယ်တည်း သမားဆိုတော့ လှုပ်မရပြုမရနဲ့
တစ်ယောက်တည်း အဆင်ရောပြေရဲ့လား
မသိဘူး""

""အဲ့တာကြောင့် သားအခု သွားကြည့်မလို့။
နောက်ကျနေပြီ။သွားတော့မယ် မေ""

""အေး အေး သတိထားမောင်းဦး ကားကို ""

""ဟုတ် !""

မေမေထည့်ပေးလိုက်တဲ့ ခြင်းလေးကို
ဘေးမှာ သေချာနေရာချပြီး ကားကို
ဂရုတစိုက် မောင်းထွက်လိုက်သည်။

ပူနွေးနွေး ဆန်ပြုတ်ဗူးလေးကို ကြည့်ပြီး
ဝီလျံ ပြုံးလိုက်သည်။

အကိုတော့ ကြိုက်မှာပဲ။

""ထက် ငါရုံးကို ပြန်တော့မယ်နော်။
မိုးရွာတော့မလား မသိဘူး။
ဝီလျံလည်း လာနေလောက်ပြီ ဆိုတော့""

""နင်ငါ့ကို သူနဲ့ထားခဲ့တော့မလို့လား !""

မျက်လုံးပြူး မျက်ဆံပြူးနဲ့ ထ‌မေးပြီးကာမှ
ပတ်တီးစည်းထားသည့် ရင်ဘတ်က
တင်းတင်းကြပ်ကြပ်နဲ့ နာကျင်သွားရတာကြောင့်
ရင်ဘတ်ကို လက်ဖြင့်ပြန်ဖိကာ
မိုးထက်ပိုင် အသက်ပြန်ရှုနေရသည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now