Chapter 19

2.6K 271 36
                                    

Zawgyi

မျက်လုံးတည့်တည့်ပေါ် မီးချောင်းရောက်နေတာ
ကြောင့် မိုးထက်ပိုင် မျက်လုံးမှိတ်ထားသော်
လည်း အိပ်မရ ။ ဒါကြောင့်ပဲလား။
တကယ်ပဲ မီးချောင်းလင်းနေလို့ အိပ်မရတာလား။

ဝီလျံကိုယ်တိုင် ပိတ်ပေးသွားသော မှန်ပြတင်းမှ
တစ်ဆင့် မိုးစက်တွေက သဲကြီးမဲကြီး ကျဆင်း
နေသည်မှာ ဝီလျံ ပြန်သွားပြီးကတည်းက
မရပ်တော့ ခြင်းပင်။

ဘေးက ဖုန်းနာရီကို ယူကြည့်လိုက်တော့
ည ကိုးနာရီ ။

""မိုးတွေ တအားသည်းနေတာ
ငါတောင် မနည်းသတိထားမောင်းလာရတယ်""

ရှိုင်း ပြောသွားတဲ့ ထိုစကားက မိုးထက်ပိုင်
နားတစ်ဝိုက်မှာ ခြင်တစ်ကောင်လိုတဝီဝီမြည်
နေသည်။

""ဘာလို့ ဒါပဲ ပြန်ကြားနေတာလဲ!""

မိုးထက်ပိုင် သူ့နားနှစ်ဖက်ကို ပိတ်ပြီး
ကိုယ့်ကိုယ်ကို အသံတိတ် ကျိန်ဆဲလိုက်သည်။
မျက်လုံးကိုမှိတ်ကာ အိပ်ဖို့ကြိုးစားနေရင်း
လူက အနည်းငယ် မရိုးမရွ ဖြစ်လာသည်။
တကယ်ဆို ဒီနေ့က ပထမဆုံး ဆေးရုံမှာ
တစ်ယောက်တည်း အိပ်ရမည့် ညပင်။
ရွှေရည်က မိန်းကလေးမို့ ညဘက်ထိ
စောင့်ရန်မသင့်တော်။သူစိမ်းနဲ့ မနေချင်ဘူး
ဆိုပြီး ချေးများလို့ male nurseတောင်
မငှားခိုင်းမိတာ အခုမှ နောင်တရချင်သလိုလို။

မှိတ်ထားတဲ့ မျက်လုံးကို တစ်ဖက်ဖွင့်ပြီး
အခန်းထောင့်ကို ကြည့်မိလိုက်စဉ် လူက
ကြက်သီး ဖြန်းခနဲထသွားသည်။
မိုးသံကလည်း ပိုသည်းလာသလိုလို။

မဟုတ်ဘူး။မဟုတ်ဘူး။ဒါစိတ်ထင်နေတာ။
စိတ်က ဖြစ်နေတာ ။ ဖျောက်ထားလိုက်။

အခုနေ ကွေးနေချင်မိသော်လည်း နံရိုးတွေ
တစ်ခုခုဖြစ်သွားမှာ စိုး၍ သူ့မှာမလှုပ်ရဲ။

ရုတ်တရတ် ဖျက် !

သူ့ ပတ်ဝန်းကျင်သည်မှောင်မိုက်သွားပြီး
တစ်ခုတည်းသော အလင်းမှာ လျှပ်စီးပင်
ဖြစ်သည်။ သူ့ဆေးရုံခန်းက သူကြည့်ဖူးတဲ့
သရဲကားတွေရဲ့ ပုံစံနဲ့ တကယ်ထပ်တူပင်။

မိုးထက်ပိုင် စောင်ကိုခေါင်းအထိဆွဲယူကာ
မျက်နှာအား လက်ဖဝါးနှစ်ဖက်ဖြင့် လုံအောင်
အုပ်ထားလိုက်သည်။ ကြောက်လွန်းလို့ အသားတွေ တုန်နေတာတောင် သူသတိမထားမိ။

AGAIN [ 2Moe Season 2 ]Donde viven las historias. Descúbrelo ahora