Chapter 30

2.1K 243 41
                                    

Zawgyi

ဝီလျံ အခန်းရှေ့တွင်ရပ်ကာ ဘဲလ်အရင်
နှိပ်လိုက်သည်။ ခဏကြာသည်အထိ အကို
လာမဖွင့်။ အိပ်ပျော်သွားပြီထင်တယ်။
အချိန်က မနက်တစ်နာရီခွဲနေပြီ။

ဝီလျံ သိထားပြီးသား လျှို့ဝှက်နံပါတ်ကို
ရိုက်ထည့်ပြီးသာ ကိုယ်တိုင်ဖွင့်ဝင်လာခဲ့သည်။
မီးတွေလည်းမပိတ်ထားဘဲ အကိုကလည်း
ဆိုဖာပေါ်တွင် လက်ကိုခေါင်းအုံး၍
အိပ်ပျော်နေသည်။ သူ့ကိုစောင့်ရင်း အိပ်ပျော်
သွားမှန်း ဝီလျံရိပ်မိလိုက်သည်။ မတ်တပ်
ရပ်ကြည့်နေရာမှ အိတ်များကို ကြမ်းပြင်ပေါ်
တွင် ဖြည်းညှင်းစွာချလိုက်ပြီး အိပ်ခန်းထဲမှ
စောင်တစ်ထည်သွားထုတ်ယူလာပြီးနောက်
အကို့အပေါ် ငြင်သာစွာ ခြုံပေးလိုက်သည်။
ထို့နောက် တစ်ယောက်စာ ဆိုဖာရှည်ပေါ်တွင်
အကို့ဘေးနား ကျဉ်းကျဉ်းကျပ်ကျပ်
ဝင်လှဲကား မျက်နှာလေးအား မျက်တောင်
တစ်ချက္မခတ် ကြည့်နေမိသည်။

ရေစက်တွေဟာ ထူးဆန်းပါတယ်။
ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသည်ဖြစ်စေ၊
သူတစ်ပါးရွေးချယ်ထားသည်ဖြစ်စေ၊
အဆုံးသတ်မှာ ကံကြမ္မာဆိုတာ
သတ်မှတ်ထားပြီးသားအတိုင်း
ဖြစ်လာခြင်းပင်။ သူများခင်းထားတဲ့
လမ်းကို လျှောက်နေရတဲ့ သူ ၊
သူများက ပိုင်ဆိုင်ခွင့်ပေးမှ ပိုင်ဆိုင်တဲ့ သူ

မဟုတ်ဘူး..

ဝီလျံခေါင်းကို ခါကာ အတွေးတွေကို
ရှင်းထုတ်လိုက်တယ်၊ အကို့က သူ့ဆုံးဖြတ်ချက်နဲ့သူ ဝီလျံ့ဆီလာခဲ့တာ။ အဲ့လိုပဲဖြစ်မှာပါ။

အကို့ပါးအေးအေးလေးကို လက်ဖဝါးဖြင့်အုပ်မိုးကာ လက္မလေးဖြင့် အနည်းငယ်
ပွတ်သတ်လိုက်တော့ လှုပ်ရွလာကာ
မျက်လုံးဖွင့်ကြည့်လာသည်။
သူ့ရှေ့က မြင်နေရတဲ့ ဝီလျံက သူနဲ့အရမ်း
နီးကပ်နေတာဖြစ်လို့ မျက်နှာမှာ အနီရောင်
အကြောင်းတွေပင် တစ်စောင်းလေး ပေါ်သွား
သေးတယ်။ ပြီးမှ မျက်နှာကို တည်တည်
ထားလိုက်ကာ မေးသည်။

"" ဘယ်တုန်းကပြန်ရောက်နေတာလဲ။
နှိုးလိုက်တာ မဟုတ်ဘူး ""

သို့သော် ဝီလျံက မိုးထက်ပိုင်အမေးကို
မဖြေပဲ စိုက်သာကြည့်နေတာကြောင့်
မိုးထက်ပိုင် အနေခက်လာသည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now