Chapter 12

2.8K 253 18
                                    

Unicode

ဘုရားရှိခိုးနေသော်လည်း အကြည့်တွေက
တစ်ချက်တစ်ချက် နာရီလက်တံပေါ်
ရောက်ရောက်သွားသည်။
ဆယ်နာရီစွန်းစွန်းထိ အပြင်မှာဝီလျံမရှိဖူး
တာမို့ ထူးထူးဆန်းဆန်း ဖြစ်နေသည်။
မြတ် ဘုရားစာအုပ်ကိုပိတ်၊ ကျောက်ပုတီးကို စာရေးစားပွဲက မီးအိမ်လေးမှာ
ချိတ်လိုက်ပြီး ဖုန်းကိုလှမ်းလိုက်စဉ်
အောက်က ကားဟွန်းတီးသံ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။

ပြန်လာပြီထင်တယ်!

အိမ်ပေါ်ထပ်မှ ကန့်လန့်ကာကို လှပ်ကြည့်တော့ ဝီလျံကားပေါ်က ဆင်းပြီး ခြံတံခါးဖွင့်နေသည်ကိုတွေ့သည်။
အိမ်မှာက ခြံစောင့်ဘာညာ ညအိပ်ညနေ
မထားကြတာမို့ မေမေကလည်း သူ့သားကို
မအိပ်မနေစောင့်ပြီး ဆင်းကြိုနေသည်။

ဝီလျံသည် ခြံတံခါးဖွင့်ပြီးသည်နှင့်
ကားကို မောင်းဝင်လာသည်။ကျန်တာ
ဆင်ဝင်အောက်ကို ဝင်သွားသည်မို့
မြတ် မမြင်ရတော့။ညစာ မစားတော့ဘူး
ဆိုပြီးထွက်သွားတာမို့ မူးရူးလာမလား
စိုးနေတာ။တော်သေး၏။

ကန့်လန့်ကာကိုပြန်ချပြီး အခန်းထဲက
ထွက်ရတော့သည်။ဖေဖေက အိပ်နေပြီ။
မြတ်လှေကားပေါ်ကဆင်းလာတော့
မေမေက အပေါ်ပြန်တက်လာပြီ။
အောက်ထပ်က ဝီလျံအခန်းဘက်ကို
မြတ်လှမ်းကြည့်တော့ မေမေက အလိုက်
သိစွာ..

""မီးကြီး မအိပ်သေးဘူးလား""

""ဟုတ် မေမေ။ဝီလျံပြန်မလာသေးလို့""

""အခုလေးတင် အခန်းထဲဝင်သွားပြီ။
သူ့သူငယ်ချင်းကောင်လေးလားမသိဘူး
မူးလာလို့တဲ့ ပါလာတယ်။မီးကြီးမောင်ကတော့ ဘာမှမဖြစ်ဘူး""

သူငယ်ချင်း?!

""ဝီလျံက သူငယ်ချင်းကိုခေါ်လာတယ်?!""

ဝီလျံက သူငယ်ချင်းအိမ်မခေါ်တတ်ဘူး။
သူ့စိတ်ဆိုတာထက် ဖေဖေက မကြိုက်
တာမို့ ဝီလျံမခေါ်ရာကနေ သူ့မှာ
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဆိုတာမျိုး
မရှိတော့ဘူး။

""ရှူး သမီး‌အဖေကြားမယ်။ကောင်လေးကို
ကားပေါ်ကနေ ကုန်းပိုးပြီးဆင်းလာတော့
မေမေလည်း ဘာညာမမေးတော့ဘူး။
မနက်ကျမှမေးကြတာပေါ့။သွား မီးကြီး
သွားအိပ်တော့""

AGAIN [ 2Moe Season 2 ]Dove le storie prendono vita. Scoprilo ora