Chapter 13

2.7K 284 45
                                    

Zawgyi

""မလိုက်ပါနဲ့ဆို!""

ပိတ်ခါနီးနေတဲ့ ဓာတ်လှေကားတံခါးကို
ကိုယ်ဖြတ်ပြီး ဝင်လာတဲ့သူ။
ဒီခံလည်းမပြော နားလည်းမထောင်တဲ့
အကောင်စားလေးကို သူမထိန်းနိုင်စွာ
စုတ်သပ်မိလိုက်သည်။

""ကျွန်တော် ရောက်ဖူးချင်လို့ပါဗျ။
အကို့ကိုလည်း ကျွန်တော့်အိမ်ခေါ်တယ်လေ""

""ငါက လိုက်မယ် ပြောမိလို့လား?""

""ဘာပဲဖြစ်ဖြစ်""

ဘယ်လိုအဆိုးကောင်နဲ့ လာတွေ့နေမှန်း
ကို မသိတာ။

""အကိုက ရှစ်ထပ်မှာနေတာကိုး။
လုံခြုံရေးတွေ ဘာတွေရော
စိတ်ချရရဲ့လား။တစ်ယောက်တည်း
ဆိုတော့ အဆင်ပြေ..အကို့ နေဦးလေ""

အခန်းတံခါး pw နှိပ်နေတုန်း သူ့အိမ်က
ထည့်ပေးလိုက်တဲ့ မုန့်ဟင်းခါးချိုင့်ကို
ကိုင်ရင်း စကားတစ်တွတ်တွတ်ပြောနေ
လို့ မိုးထက်ပိုင် အရင်ဝင်ပြီး တံခါးကို
ပိတ်ချလိုက်သော်လည်း ဝီလျံက
အချိန်မှီလက်ကာလိုက်သော်လည်း

""အား..အား""

""ဘာလဲ!! ညပ်ပြီလား""

ချိုင့်ကို ကြမ်းပြင်ပေါ်ချရင်း သူ့လက်ကို
အသေဖိနေတာမို့လို့ မိုးထက်ပိုင်
ငါလုပ်တာမှားပြီလားလို့တောင်
တွေးမိသေးသည်။

""လာ ဝင်! ရှိတဲ့ဆေးလိမ်းပြီး ပြန်တော့!
ငါ ချိန်းထားတာရှိတယ်""

""အကိုက ရုံးကိုမလိုက်ဘူးလား။
ကျွန်တော်က အကို့ကိုပါ စောင့်ပြီး
ခေါ်သွားမလို့""

""ငါက ချိန်းထားတာ ရှိတယ်ဆိုကွာ..""

မိုးထက်ပိုင် အံဆွဲထဲက ရွှေရည်ဝယ်ဖြည့်
ပေးထားတဲ့ ဆေးတွေထဲက ပရုတ်ဆီ
ပုလင်းကို ဝီလျံ့လက်ထဲထည့်ပေးရင်း
ပြောတော့..

""အင်းပါ ကျွန်တော့်ဟာကျွန်တော်ပဲ
သွားလိုက်ပါ့မယ် အကိုသွားစရာ
ရှိတယ် ဆိုရင်လည်း""

""အဲ့တာဆို ငါရေချိုးတော့မယ်""

ဝီလျံမှာ နှုတ်ဆက်ဖို့ပင် မမှီ။
ပိတ်သွားတော့ တံခါးကိုသာ မချိတင်ကဲ
ကြည့်လိုက်ရသည်။လက်ထဲက ချိုင့်ကို
မီးဖိုချောင်ထဲထိထားပေးချင်သော်လည်း
အကိုမကြိုက်မှာစိုးလို့ ဧည့်ခန်းစားပွဲမှာသာ
တင်ပေးလိုက်သည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now