Chapter 20

2.8K 298 64
                                    

Zawgyi

""ခိုင်မွန် ! ဝီလျံထွက်သွားပြန်ပြီသိလား""

အပြင်ဘက်မှ အတွင်းထိလျှံကျလာသော
စကားသံတစ်ချို့ကြောင့် နှောင်း သန့်စင်ခန်း
ထဲက ထွက်မည့်အစီအစဉ်ကို ခဏဘေးဖယ်
လိုက်ပြီး အပြင်ကစကားတွေကို ဆက်နား
ထောင်နေလိုက်သည်။

ဘာရယ်မဟုတ်..မောင့်နာမည်ပါနေသော
ကြောင့်သာ။

""အေးလေ သွားပါစေပေါ့""

လက်ဆေးနေကြပုံရသည်။
ရေပိတ်ပြီး ခပ်အေးအေးပြန်ဖြေသော
ခိုင်မွန့်အသံကို ကြားရသည်။

""သူတို့က ဘယ်တော့မှ ချပြမှာလဲမသိဘူး။
အီးယား ငါသူတို့ကိုအသည်းယားလိုက်တာ။
အေးစက်စက်နဲ့ ကိုမိုးထက်ပိုင်ကို ဝီလျံတစ်
ယောက် ဘယ်လိုချုပ်လိုက်လဲမသိဘူးနော်""

""ငါအစကတောင် သံသယဖြစ်မိသေးတယ်။
သူတို့ တကယ်ရော ဟုတ်ပမလား။
ငါတို့ပဲ အမှတ်မှားနေတာများလားလို့။
ပြီးခဲ့တဲ့ရက်တွေတုန်းက နှစ်ယောက်သား
ခပ်ခွာခွာဖြစ်နေတာ ရန်ဖြစ်ထားကြတာပဲ
နေမယ်။ အခုလိုလေး ပြန်အဆင်ပြေနေတာ
မြင်ရတော့ ကျေနပ်သလိုလိုတော့ ရှိတယ်""

နှောင်း နားထောင်နေရင်း နားမလည်ဖြစ်လာသည်။ကိုမိုးထက်ပိုင်နဲ့ မောင့်အပေါ် သူတို့ရဲ့
အသုံးအနှုန်းတွေက ဘာလို့ ဒီလောက်တောင်
ပိုင်စိုးပိုင်နင်း နိုင်နေရသလဲလေ။

နှောင်းတံခါးကို ဖွင့်လိုက်ပြီး

""အဲ့တာ.. ဘာကို ပြောတာလဲ ဟင်""

""အစ်မမေခ! ဘယ်တုန်းကတည်းကရောက်နေတာလဲ?""

ကျော့ကေသီမှာ လက်ဆေးဘေစင်ကို
မှီနေရာမှ အလန့်တကြားနှင့် ကိုယ်ကိုပင်
တန့်လိုက်မိသည်။

""toilet ဝင်နေရင်း မရည်ရွယ်ပဲကြားလိုက်တာ။
ကိုမိုးထက်ပိုင်နဲ့ ဝီလျံနဲ့က ဘာကို..""

""အစ်မမေခက မသိဘူးလား။ ဝီလျံနဲ့
ခင်ကြတယ်လို့ ပြောဖူးတယ်မလား။
ဪ ဟုတ်တာပေါ့။ဒီကိစ္စကို သူက
ဖုံးဖုံးဖိဖိပဲ လုပ်မှာပေါ့""

ခိုင်မွန်သိပါသည်။ ဝီလျံ့လျှို့ဝှက်ချက်သာဆိုလျှင် သူမတို့ ထိန်းသိမ်းရမည်။ မေးလာသူမှာ
တစ်ခြားသူဖြစ်ခဲ့လျှင်ပင် သူမ စကားလွှဲဖို့ကိုသာ
ဉီးတည်မည်ဖြစ်သော်လည်း မေးလာသူမှာ
နှောင်းမေခဖြစ်နေ၍ သူမကေသီ့ကိုပဲ
လွှတ်ထားလိုက်သည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now