Chapter 14

2.9K 265 44
                                    

Zawgyi

မြတ် မှတ်မိနေသေးတယ်။အဲ့တုန်းက
အချိန်တွေကိုပေါ့။ကျောင်းက ဒီဇင်ဘာပိတ်ပြီး ပြန်ဖွင့်နေခဲ့လည်း ဝီလျံ့အသက်
ကိုလုနေရတာနဲ့ မြတ်ပညာရေးကို
မေမေတို့ အရေးမပေးနိုင်ခဲ့ကြသလို
မြတ်ကိုယ်တိုင်ကလည်း ဘယ်နည်းနဲ့မှ
စိတ်ချပြီး စာမသင်နိုင်ခဲ့ဘူး။
ပြီးတော့ မိုးစစ်ချီကိုလည်း စိတ်မချခဲ့ဘူး။

ဆေးရုံကော်ရစ်တာမှ မြတ်တစ်ယောက်တည်း။ထိုင်နေတဲ့ ခုံတန်းလေးကနေ အခန်းထဲကဆွေးနွေးသံတွေကို
မြတ်နားစွင့်နေမိတာ။သူနာပြုလေးတွေ
ရှေ့က ဖြတ်လျှောက်သွားတိုင်း အရိပ်တကြည့်ကြည့်နဲ့ အသက်မပြည့်လို့ သမီး
အပြင်မှာစောင့်နေဆိုတဲ့ မေမေ့စကားနဲ့တင်
မြတ်က ဆွေးနွေးနေတဲ့ စကားဝိုင်းထဲ
ဝင်နားထောင်ခွင့်တောင် မရှိတော့ဘူး။

မြတ်နဲ့ အသက်တစ်နှစ်သာ ကွာတဲ့
မိုးစစ်ချီကတော့ အဓိကလူဖြစ်နေခဲ့တယ်။

""ကျွန်တော်တို့အတွက်လည်း စိမ်ခေါ်မှုလိုဖြစ်နေတယ်။မြန်မာနိုင်ငံမှာ နှလုံးအစားထိုးခွဲစိတ်မှုတွေလုပ်ခဲ့တာ လက်ချိုးရေလို့ရပါတယ်။ဒီလိုသွေးကင်ဆာ လူနာဆီကဆို ပိုလို့တောင်မကြုံဖူးဘူး။ကျွန်တော်တို့အနေနဲ့ အခက်အခဲတွေ
ရှိနိုင်ပါတယ်။ဒါပေမယ့် လူနာရှင်က
ဆန္ဒရှိရင် ကျွန်တော်တို့ပါရဂူတွေနဲ့
ဆွေးနွေးပြီးအကောင်းဆုံးကြိုးစား
ပေးမှာပါ..""

အခန်းထဲက လျှံကျလာတဲ့ ဆရာဝန်ကြီးအသံကို မြတ်သေချာနားထောင်နေမိသည်။မိုးစစ်ချီက ကင်ဆာ၊သွေးကင်ဆာတဲ့။မြတ်သိတာ မကြာသေးပါဘူး။
သူရန်ကုန်ကိုလိုက်လာခဲ့မယ် လို့ပြောခဲ့တုန်းက မြတ်သိပ်နားမလည်ခဲ့ပေမယ့်
သူကိုယ်တိုင်က လူနာတစ်ယောက်ဖြစ်နေခဲ့တာပဲ။ဆေးရုံတက်ပြီး ကင်ဆာကုထုံးတွေ
လက်ခံနေစဉ်အတောအတွင်းမှာပဲ
ဝီလျံနဲ့ စကားတွေလာပြောတတ်တယ်။
မကြာခဏလာကြည့်တတ်တယ်။
ဝီလျံနဲ့မိုးစစ်ချီတို့ ချွတ်စွတ်တူနေမှုကိုလည်း မြတ်တင်မက မေမေတို့ကပါ
အံ့ဩနပန်းရှိကြပါတယ်။
ဆံပင်ရှည်ရှည်တွေဖုံးနေတတ်တဲ့ ဝီလျံ့မျက်နှာက အတိုရှင်းချလိုက်မှ ပိုပြီး
သိသာလာခဲ့တာ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now