Chapter 21

2.3K 268 40
                                    

Zawgyi

ညသည် အရင်ရက္များနှင့်မတူ ။
တိမ်ကင်းစင်၍ ကြယ်စုံနေသည် ။
နှောင်း စာဖတ်နေရင်း စာအုပ်ဘေးမှ
မိမိဖုန်းလေးကို အကြည့်ရောက်သွားသည် ။
တကယ်တော့ နှောင်းစိတ်တွေ စာအုပ်မှ
ရှိမနေ ။ မောင့်ဖုန်းကို မျှော်နေခြင်းဖြစ်သည်။
တစ်နေ့လုံးနေမှ တစ်ခါ နှစ်ခါသာ
တွေ့ရတတ်သော မောင့်မျက်နှာကိုလွမ်းသည် ။
နှောင်းစိတ်တွေ ချုပ်တည်းမရ။ မောင့်ကို
အပြေးတွေ့ချင်စိတ်တွေသည် ပုံမှန်အလုပ်လုပ်
နေသော ဉီးနှောက်၏ ဆင်ခြင်နိုင်စွမ်းကို
ဖိနှိပ်အနိုင်ယူသွားပုံရသည် ။ နှောင်း အသိ
ဝင်လာချိန်တွင် ကားစက်နှိုးမိနေပြီးဖြစ်သည်။
ဒီလိုဆိုတော့လည်း မထူးတော့ ။
နှောင်းသည် သိက္ခာကိုထိန်းသော မိန်းကလေး
ဖြစ်သည် ။ မောင်သည် အခွင့်အရေးမယူတတ်။
ဒီလိုနဲ့ တစ်ဖြည်းဖြည်း သူတို့နှစ်ယောက်သည်
နီးလျက်နှင့်ဝေးနေကြသည်။ တစ်ခါတစ်ရံ
နှောင်းဘက်က ရှေ့တိုးသင့်သော် တိုးရမည်။
အိမ်နေရင်း အဝတ်အစားနှင့်ပင် ထွက်လာ
ရသောကြောင့် မောင်နဲ့တွေ့ဖို့အဆင်ပြေပါ့
မလား နှောင်းစိုးရိမ်နေမိသည် ။ မောင်နဲ့
ပတ်သတ်ပြီး နှောင်းယုံကြည်ချက်တော်တော်
များများ ပျောက်ဆုံးနေတတ်သည်ကို
စတင် သတိထားမိလာသည် ။ အခုက စပြီး
နှောင်းသည် မီးအဖြစ်နဲ့ သူတို့၏ ဆက်ဆံရေး
ကို ပူနွေးစေမည် ။
ဝီလျှံတို့၏ ခြံ မျက်စောင်းထိုး မီးသိပ်မရောက်
သော နေရာတွင် နှောင်း ကားရပ်လိုက်သည် ။
မီးတွေထိန် ထိန်ငြီးနေသော အိမ်ကြီးနှင့်
လမ်းပေါ်တွင်တော့ တိတ်ဆိတ်ခြင်းသာ
ကြီးစိုးသည် ။ နှောင်း ဖုန်းကို အရင်ထုတ်ကာ
မောင့်ကို ခေါ်လိုက်သည် ။ နှောင်းအကြံမှာ
အပြင်ခဏရောက်နေလို့ အပြန်ခဏဝင်လာ
ခဲ့မည်ဟု အသိပေးဖို့ပင် ဖြစ်သည် ။

""ဟယ်လို နှောင်း""

မောင့် အသံသည် ပကတိကြည်လင်နေပုံရလျှင်
အိပ်နေခြင်းတော့ မဟုတ်ကြောင်း
နှောင်း သုံးသပ်မိလိုက်သည် ။

"" နှောင်းလေ အပြင်မှာ ဝယ်စရာတစ်ခု
ထွက်ဝယ်ရင်း မောင့် အိမ်နားရောက်လို့
ခဏဝင်လာမလားလို့ ။ အဲ့တာလှမ်း
ပြောတာ ""

AGAIN [ 2Moe Season 2 ]Onde histórias criam vida. Descubra agora