Chapter 27

1.7K 231 20
                                    

Zawgyi

မိုးထက်ပိုင် ကုတင်ပေါ်တွင် ကွေးနေသည်။
အခု အခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင်
သူတောင်မသိလိုက်ဘဲ သူက ရည်းစားရသွား
သည့် အခြေအနေမှာပင်။

"" ငါ ဘာ ဖြစ် သွား တာ လဲ အား ဟား ""

ဆံပင်များကို ဆွဲဆောင့်လိုက်ပြီး လက်နှစ်ဖက်ဖြင့်လည်း မျက်နှာအနှံ့ ခပ်ကြမ်းကြမ်းပွတ်နေမိသည်။ မိုးထက်ပိုင် အမှန်တကယ်ပင်
ထူပူနေသည်။ ဝီလျံ့ကို ကိုစစ်လို့တောင်
ထင်မိသွားသေးသည်။ ​မိုးထက်ပိုင်၏ စိတ်ထဲတွင် ဝီလျံနှင့် မိုးစစ်ချီကို ဘယ်လိုမှခွဲထုတ်လို့မရပေ။ ဒီလိုနည်းနဲ့ မထိန်းချုပ်နိုင်ဖြစ်နေခြင်းကို
ဝီလျံ့အပေါ်လည်း သူစိတ်မလုံနိုင်ပေ။
ဒီအခြေအနေတွင် အမှန်ကန်ဆုံး လုပ်ရပ်ကို
လုပ်ရမည်ဆိုလျှင် မိုးထက်ပိုင် ရွေးချယ်စရာ
တစ်ခု ရှာတွေ့သွားသည်။ ဝီလျံ့ကို အမှန်အတိုင်း ပြောပြလိုက်ရန်ပင်။ ပြီးလျှင်
သူ့အနားမှာ ဆက်နေချင် မနေချင်ကို
ဝီလျံ့ကို ဆုံးဖြတ်ခွင့်ပေးမည်။

မိုးထက်ပိုင် စိတ်ဆုံးဖြတ်လိုက်ပြီးနောက်
တည်တည်ငြိမ်ငြိမ်ပြန်ဖြစ်သွားသည်။

ကိုယ်လက်သန့်စင်ပြီး ရုံးသွားရန်ပြင်ဆင်ပြီးနောက် ဖုန်းထဲတွင်တော့ စာတစ်စောင်က
ရောက်နှင့်နေပြီး ဖြစ်သည်။

ဤသည်ကား ထုံးစံတစ်ခုလိုဖြစ်နေသော
ဝီလျံ၏ မနက်ခင်း နှုတ်ဆက်စာတစ်ခုပင်
ဖြစ်သည်။

= = = = = = = = = = = = = = = = =

"" ထက် ငါဝင်လာမယ်နော် ""

ရွှေရည်က တံခါးကြားမှ ခေါင်းလေးဖော်ကာ
ပြောလိုက်သည်။ မိုးထက္ပိုင္မွာ တစ္ခ်ကၼ်ွ
ကြည့်လိုက်ပြီး

"" အင်း ""

ထိုတော့မှ ရွှေရည်က အခန်းထဲဝင်လာကာ
မိုးထက်ပိုင်ရှေ့လာရပ်သည်။

"" ဘာလဲ ၊ဘာကိစ္စမို့လို့မျက်နှာကအဲ့လောက်ချို
နေတာလဲ ""

"" မဟုတ်ပါဘူး၊ နင့်ကို အကြံပေးစရာတစ်ခု
ရှိလို့ ""

"" ဘာလဲ ""

"" နင် ငါတို့ကို ခရီးလေးဘာလေးမပို့ဘူးလား။
မနေ့က ငါ့ကောလိပ်က သူငယ်ချင်းတစ်ယောက်နဲ့တွေ့တာလေ၊ သူတို့ကုမ္ပဏီက တောင်ကြီး
အင်းလေး ပို့တာတဲ့.. ""

AGAIN [ 2Moe Season 2 ]Where stories live. Discover now