Chapter 24

2K 236 27
                                    

Zawgyi

နှောင်းအိမ်ကို လာပြီးနောက် လေးရက်တိတိ
နှောင်းနှင့်ဝီလျံ ရေရေရာရာ စကားမပြောဖြစ်ခဲ့ပါ ။ ဝီလျံကတော့ မိုးထက်ပိုင်အား ဂရုစိုက်ပေးခြင်းအလုပ်ကို တစ်နည်းမဟုတ်တစ်နည်း
တာဝန်ကျေသည် ။ နေ့လည်စာ မလွတ်စေတာမျိုး။ ညဘက် စောစောအိပ်ဖို့  စာတိုလေးတွေ
ပို့တာမျိုး။နှောင်းသည်လည်း သူဆက်လျှောက်ရမည့်လမ်းကို စဉ်းစားနေသည် ။ ဝီလျံချိန်းဆိုထားသော ပိတ်ရက်ကို ရောက်သွားမှာ နှောင်းအရမ်း
ကြောက်တာကြောင့် အချိန်တွေ ရပ်သွားဖို့တောင် ဆုတောင်းမိသည် ။
လေးရက်လုံးလုံး နှောင်းဘက်က တမင်မဆက်သွယ်ဘဲ သူမဘာလုပ်သင့်သလဲ စဉ်းစားသည်။
ဝီလျံကတော့ သူမကို လုံးလုံးမေ့နေပုံပါပဲ။
တကယ်တော့ မိုးထက်ပိုင် ဝီလျံ့မျက်စိအောက်မှာ ရှိနေသ၍ တမင်သက်သက္မထော့းတာမျိုးမဟုတ်ဘဲ ဝီလျံက အရာအားလုံးကို မေ့နေတတ်တာပါ ။

ပိတ်ရက်ရောက်တော့ နှောင်းဘက်က
ဝီလျံ့ကို အရင်ဆက်သွယ်လာသည် ။
ထိုအခါမှ ဝီလျံနှောင်းကို ဘယ်လောက်
မေ့ထားမိလဲ သူ့ကိုယ်သူ သတိရသည် ။
တစ်ဆက်တည်း သူ့ဉီးနှောက်က နှောင်းကို
ချက်ချင်းအားနာရကောင်းမှန်းသိလိုက်သော်လည်း နှလုံးသားကတော့ ညှာတာဖို့
အစီအစဥ္မရှိပါ။ ဟုတ်သည် ။ နှလုံးသားဆိုတာ
အရင်ကတည်းက တစ်ကိုယ်ကောင်းဆန်တယ်လေ။ သူ့ပိုင်ရှင်မဟုတ်ရင် ငြင်းဆန်တတ်တဲ့
သဘောတရားအပြည့်နဲ့။

ဝီလျံ ဒီနေ့ တွေ့ဖို့ပြောလိုက်တာ နှောင်းကို
လမ်းခွဲစကားပြောဖို့ပါ။ ပြီးတော့ အကြောင်းအရင်းမှန်ကိုလည်း ဝန်ခံပြီး နှောင်းအပြစ်ပေးသမျှ ခံယူဖို့စဉ်းစားထားသည်။ ပါးတစ်ချက်ဖြစ်စေ နှစ်ချက်ဖြစ်စေ ၊စိတ်ပျက်ခြင်းဖြစ်စေ၊
အမုန်းတရားဖြစ်စေ ၊ အကို့အနားမှာ နေရဖို့ ဒါတွေအကုန်လုံး သူခံယူဖို့ထိုက်တန်ပါတယ်။
ဒီလောက်တောင် မဟုတ်ဘူး ဒီလောက်ထပ်ပိုတာတောင် ခံယူဝံ့ပါသည်။

သို့သော် အခြေအနေတစ်ချို့ပြောင်းလဲခဲ့သည်။
နှောင်းကသာ စတင်ချိန်းဆိုခဲ့သည် ။
အချိန်နှင့်နေရာကို နှောင်းကသတ်မှတ်သည်။
နှောင်းက စားသောက်ဆိုင်တွေ ဘာတွေမဟုတ်ဘဲ အေးအေးဆေးဆေးစကားပြောနိုင်တဲ့
နေရာတစ်ခုကို ရွေးတော့ အနည်းငယ်အံ့ဩသွားပေမယ့် သူတို့ပြောမယ့်စကားတွေက စားရင်းသောက်ရင်းတော့ ပြောလို့ရမှာမဟုတ်ဘူးလေ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now