Chapter 5

3K 253 4
                                    

Unicode

အချိန်အားဖြင့် နေ့လည်နှစ်နာရီ ။
နေ့လည်စာစားပြီး ပြန်လာပြီးချင်း တစ်ဖွဲ့သား
လုံး အရင်လို ထမင်းလုံးမစီနိုင်ကြ ။
သူတို့ရဲ့ ရေခဲရိုက်မျက်နှာMDကို ကြောက်နေ
ရသည်မဟုတ်ပါလား။

ကီးဘုတ် တစ်ဖြောက်ဖြောက်သံသာ
ကြီးစိုးနေသော အခန်းထဲတွင် ဝန်ထမ်းများက
တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းသာ
စကားပြောဖြစ်ကြသည်။ အကြောင်းမှာ
နှောင်းမေခသည် အရင်နေများထက်
တည်ငြိမ်နေခြင်းကြောင့်ပေ ။

ရောက်တဲ့နေ့မှာတင် ဝန်ထမ်းကို ဆူသွားသည့်
MD ကို သူတို့အပြစ်တင်ချင်ပေမယ့်
တင်လို့မရ ။ သူတို့ကလည်းတကယ်အမှား
လုပ်ထားသည်ကိုး ။

"အစ်မ မေခ ၊ ညီမတို့ စက်ရုံကို သွား
round ရဦးမလား? သားရေကုန်နေတယ်
ကြားတယ် ။"

ကျော့ကေသီ၏ မျက်စပစ်မှုကြောင့် ခိုင်မွန်
သည် လုပ်ရမည့်အလုပ်တွေထဲမှ တစ်ခုကို
အလိုက်တသိမေးလိုက်ခြင်းဖြင့် အခြား
ဝန်ထမ်းများအား စိတ်ပေါ့ပါးစေသည် ။
လက်ထောက်လုပ်ရတဲ့ သူလည်း လွယ်ကူမနေ
ပါဘူးနော် ။ အထက်လူကြီး ရာသီဥတုမကောင်း
ရင် ဒီကလက်ထောက်လေးကိုပဲ မိုးထိန်း
လိုမျိုး ရှေ့တွန်းနေကြတာ ။ အလုပ်သင်ရောက်
တဲ့ ကောင်လေးတွေ ခေါင်းမထောင်နိုင်တာ
တွေ့ရတော့ ခိုင်မွန် စိတ်မကောင်းပြန် ။
သူတို့ စိတ်ထဲမှာတော့ ခိုင်မွန်ဟာ အမြဲ
ပေါင်းကူးတံတားလေး ဖြစ်ချင်နေခဲ့သည်
မဟုတ်ပါလား ။

"အင်း.. ဒီနေ့သွားထားလိုက်မယ်လေ ။
အစ်မတော့ မလိုက်တော့ဘူး ။ အလုပ်သင်
နှစ်ယောက်ကို ခေါ်သွားလိုက် ။ သူတို့ကို
နည်းနည်းရှင်းပြ ပြီးတော့ ။"

မေခအပြောကြောင့် ခိုင်မွန့်အပြုံးတို့သည်
ပို၍ လင်းလက်သွားရသည် ။
အလုပ်သင်ကောင်လေးနှစ်ယောက်က သူတို့ကို
စားမတတ် ဝါးမတတ်ကြည့်နေတဲ့ လက်ထောက်မမကြောင့် ရှေ့ကကွန်ပြူတာကိုသာ
အာရုံတွေစုပုံပေးလိုက်သည် ။
သူမက ကွန်ပြူတာလောက်တောင် ဆွဲဆောင်မှု
မရှိဘူးလားဟု ခိုင်မွန်တွေးလိုက်မိသည် ။

"ကောင်မ အောချက်ကြီးက..၊ကလေးတွေကို
ဖြဲခြောက်နေတာလား ။ အလုပ်ပြောင်းပြေး
အောင် မလုပ်ပါနဲ့ ၊ငါ ကြည့်ချင်သေးတယ် ။"

AGAIN [ 2Moe Season 2 ]Where stories live. Discover now