Chapter 6

2.9K 244 11
                                    

Unicode

အစည်းဝေးခန်းအတွင်း ဆူညံမှုမဟုတ်
သော်လည်း တီးတိုးရွတ်ဆိုသံတို့သည်
ဝီလျှံကိုမြင်ကာမှ လျှံကျလာသည်။

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော
နှောင်းသည် သူ့ကို လျစ်လျူရှု
ထားသည်။ တကယ်တော့ Paris မှာ
တုန်းက တွဲလုပ်ချင်တဲ့ Company
တွေရဲ့ ကမ်းလှမ်းစာဖြစ်သော E mail
တွေတောက်လျှောက်ရနေခဲ့တာ။
နှောင်းလုပ်နေတဲ့ group အပါအဝင်
ပေါ့။မြန်မာပြည်ပြန်လာဖို့ ဆုံးဖြတ်
ချက်ကို ထိုကမ်းလှမ်းစာကပိုပြီး
အားဖြည့်ပေးလိုက်သလိုပင်။
နှောင်းကြောင့်ရွေးချယ်ထားသည်
ဆိုသော်ငြား တွေ့ကာမှ အံ့သြအောင်
လုပ်မည်ဟု တေးထားသော်လည်း
နှောင်းသည် အံ့သြသည်ထက် စိတ်ရှုတ်
သွားသည့်ပုံပင် ။

MD ဝင်လာချိန်မှာတော့ အခန်းက
ပြန်လည်တိတ်ဆိတ်သွားသည်။
နှောင်းဘေးနားက ကောင်မလေးနှစ်
ယောက်ကတော့ သူ့ကို သိသိသာသာရော
မသိမသာပါ အစိမ်းလိုက်ကြည့်နေကြ
သည်ကို မျက်လုံးထောင့်မှ မြင်နေရသည်။

"လူစုံပြီလား"

အစဉ်အလာအရ နှုတ်ဆက်စကားတွေကို
ခဏခေါက်ချလိုက်ပြီး သူအသိချင်ဆုံး
အချက်ကိုသာ အရင်စမေးသည်ကိုကြည့်
ပြီး ဝီလျှံခေါင်းငုံ့ရယ်လိုက်သည်။
ဒီလူဟာ ကလေးရုပ်နဲ့လူကြီးလုပ်နေတယ်
လို့သာ မြင်သည်။စတွေ့ကတည်းက
ကိုယ့်ထက်အသက်ကြီးမယ်လို့ကို
သူမထင်ခဲ့မိလို့ ညီလေးလို့ခေါ်ထွက်မိ
ခြင်းပင်။ဒါကို ထိုလူ၏ အနောက်နား
လှမ်းလှမ်းမှာ ရပ်နေသည့် အတွင်းရေးမှူး
မမက အေးစက်စက်ကြည့်နေသေးသည်။
မနေ့ကတည်းက သူတို့နှစ်ယောက်က
ထူးဆန်းနေတာ။

"ကျွန်တော်တို့က လုပ်ငန်းအခွဲတစ်ခု
ဖြစ်ပေမယ့် ဒီနိုင်ငံမှာဆိုရင်တော့
main ပဲ ။ လုပ်ငန်းခွဲထားတာ
အကောင်းမမှတ်နဲ့ ။ CEO က ဒီနိုင်ငံမှာ
ပြန်အခြေချချင်နေတာ။အဲ့တာကြောင့်
ဒီကိုနည်းနည်းချင်းစီ သဲ့ယူနေတာ။
ဒါကို ငါတို့ကရုံးချုပ်မှ မဟုတ်တာဆိုပြီး
ပေါ့ပေါ့တန်တန် သဘောထားတာတွေ
မြင်နေရတယ်။ခင်ဗျားတို့မကောင်းရင်
ကျွန်တော်က အထောင်းခံရမှာ။
အထက်က ခေါင်းမထောင်နိုင်အောင်
ပြောတာ။သူသာ ဒီ Myanmar groupကို
သိပ်မျှော်မှန်းမထားရင် ဒီ မှာ designer
တွေဘယ်ထားမလဲ ။ စက်ရုံဘယ်ထောင်
ပေးမလဲ။ဟိုမှာပဲ နာမည်ကြီးတွေနဲ့
ဒီဇိုင်းရေး၊ ဟိုမှာပဲ ချုပ်ပြီး ဒီကိုဆိုင်ခွဲအနေနဲ့ပဲ တင်သွင်းမှာပေါ့။ သူဖြစ်ချင်တာ
ရှိလို့ တအားအကုန်အကျခံထားတာကို
အခု ခင်ဗျားတို့က အရင်းတောင်ပြန်
မရှာပေးနိုင်သေးဘူး။အဲ့အရည်အချင်းနဲ့
လစာယူဖို့ စိတ်ကောသန့်ကြရဲ့လား။"

AGAIN [ 2Moe Season 2 ]Where stories live. Discover now