Chapter 35 ( Final )

3.2K 245 56
                                    


Zawgyi

တနင်္ဂနွေ ရုံးပိတ်ရက် မှာတော့ ပုံမှန်ဆို

နှစ်ယောက်သား အိမ်တွင်းအောင်းနေကျ။

အပြင်ထွက်ရသည်ကို သိပ်မကြိုက်သည့်

မိုးထက်ပိုင်နှင့် အရာရာအစ်ကို့သဘောဆိုသည့်

လူနှစ်ယောက်ကြားမှာ အငြင်းပွားစရာတော့

သိပ်မရှိပါ။ ဒီနေ့မှာတော့ သွားစရာတစ်ခု

ပေါ်လာသည်။ ကိုရှိုင်းနေရောင်လင်း၊ အကို့ပါးစပ်က ထိုနာမည်ထွက်လာသည်နှင့် သူမသိမသာ နားစွင့်ထားမိပြီးသား။ အလုပ်ကနေ

vacation ရလို့ မြန်မာပြည်ကို ခဏပြန်လာမည်၊ ကျန်သည့် ဧည့်သည်တွေလည်း ပါဉီးမည်ဟု အကိုပြော၍ ဝီလျံသိရသည်။

လေဆိပ်မှာ သွားကြိုဖို့ရာ ရွှေရည်ထွန်းကပါ

သူတို့နှစ်ဉီးနှင့်အတူ တက်တက်ကြွကြွပါဝင်လာသည့်အကြောင်းမှာ မတွေ့ရတာ ခြောက်နှစ်ကြာပြီဖြစ်တဲ့ သူ(မ)၏တစ်ဉီးတည်းသော အမွှာအစ်ကိုပါ ပြန်လာမည်ဖြစ်သောကြောင့်ပင်။

လေယာဉ်စိုက်ရောက်ပြီး ခဏအကြာ

ရောရော​ထွေးထွေးထွက်လာကြသည့်

လူအများကြား ရွှေရည်လက်လှမ်းပြနေသည့်

အမျိုးသား လေးယောက် မှာ လူတစ်ကာ

သတိထားမိလောက်အောင်ပင် ထင်ထင်

ရှားရှားရှိသည်။

ထိုအထဲမှ ခပ်သေးသေးကောင်လေးက

သူတို့ကိုမြင်သည်နှင့် မိုးထက်ပိုင်ဆီ

တန်းတန်းမတ်မတ်ပြေးဝင်တော့သည်။

"" မိုးထက်ပိုင် ..! သူငယ်ချင်း..""

ခုန်အုပ်လာသော လူကောင်သေးသေးကြောင့်

အကိုက အနည်းငယ်ယိုင်သွားသော်လည်း

စိတ်ပျက်ခြင်း တစ်စုံတစ်ရာ မတွေ့ရ ။

တောက်ပစွာ ပြုံး၍သာ တစ်ဖက်လူကို

ပြန်လည် ထွေးပွေ့သည်။ ခရီးဆောင်အိတ်

နှစ်လုံးကို တစ်ဖက်တစ်ချက်စီ ဆွဲလာသော

AGAIN [ 2Moe Season 2 ]Where stories live. Discover now