Chapter 10

2.7K 242 19
                                    

Unicode

ဒီနေ့အတွက် လက်မှတ်ထိုးစရာတွေပြီးပြီ။
စက်ရုံဘက်ကို မနက်ဖြန်မှ checkမယ်။
ဒီနေ့ စောစောရုံးဆင်းဖို့ စိတ်ကူးသည်။

""ထက် ပြန်တော့မလို့လား""

""ငါပြန်တာတောင် နင့်ကိုသံတော်ဦး
တင်ရဦးမှာလား""

ရုပ်တည်နှင့် ပြန်ပြော‌နေသော်လည်း
သူငယ်ချင်းနှစ်ယောက် စနောက်နေမှန်း
သိသာသည်။

""ငါအကောင်းပြောနေတာ၊ဟို..ဝီလျံက
ဒီညနေ ရုံးဆင်းရင် BBQနဲ့ဘီယာတဲ့""

""အဲ့တော့""

""နင်မသွားဘူးလား။သူက နင့်ကိုလာစေ
ချင်တယ်လို့ပြောတယ်။ငါတော့ မသွား
တော့ဘူး""

""သွားလေ ဘာဖြစ်လို့လဲ""

""အင်း ငါနဲ့မှမရင်းနှီးတာ""

တကယ်လည်း ရွှေရည်မသွားချင်။
သူဌေးရဲ့ အတွင်းရေးမှူးဘဝက မလွယ်
ပါဘူး။တစ်ရုံးလုံးမှာ မယ်မယ်ရရ
စကားပြောရတာဆိုလို့ သူနဲ့အတူထိုင်တဲ့
စာရေးမလေးသာ။ ကျန်သည့်ဌာနတွေ
က သူ့အလုပ်နဲ့သူ။မျက်မှန်းတန်းမိရုံက
လွဲပြီး ခင်ရတယ်ဆိုတာမျိုးကိုမရှိ။
ထို့ပြင် အတွင်းရေးမှူးဆိုတော့ကာ
သူတို့ကိစ္စ တော်တော်များများ မိုးထက်ပိုင်
ဆီ သတင်းပြန်ပေါက်မှာစိုးတော့ သိပ်
မပေါင်းရဲကြတာလည်းပါသည်။

ဝီလျံသည်သာ အင်မတန်socialကောင်း
လွန်းသူမို့ သူမကို အရေးတယူ
စကားပြောခြင်းပင်။

""အင်း အဲ့တာဆိုလည်း ပြီးရောလေ။
ငါပြန်ပြီ""

""အေး အေး ဂရုစိုက်ပြန်""

                             >>>>>><<<<<<

ကားကမနေ့ကပြန်ရသည်။ရုံးဆင်းတာ
သူနောက်ဆုံးဖြစ်နေမလားပဲ။သူ့အတွက်
ရုံးစောဆင်းတယ်ဆိုတာ ညနေငါးနာရီ။
ဒါအစောဆုံးအချိန်ပဲ။ပုံမှန်ရုံးချိန်
မနက် ကိုးနာရီမှ ညနေငါးနာရီ။

အရင်ရက်တွေကဆို နေဝင်သည်အထိ
သူအလုပ်လုပ်တတ်သည်။
ကြိုမယ့်လူမရှိ၊ဆီးကြိုပွေ့ဖက်မယ့်လူ
မရှိတဲ့ တိုက်ခန်းထက်စာရင် အလုပ်တွေ
ပုံထပ်နေတဲ့ရုံးခန်းက သူ့အတွက်ပိုပြီး
အသက်ရှူချောင်စေတယ်။

AGAIN [ 2Moe Season 2 ]Wo Geschichten leben. Entdecke jetzt