Chapter 26

1.8K 234 25
                                    

Zawgyi

ဆေးရုံစင်္ကြံလမ်းတစ်ခုတွင်ဖြစ်သည်။
ဘေးပတ်ဝန်းကျင်သည် မထင်မရှားဖြစ်ကာ
အမြင်အာရုံမှာ အနည်းငယ်ဝေဝါးနေသည်။
ဝီလျံသူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ ဝှီးချဲတစ်ခု
ပေါ်တွင်ထိုင်နေခြင်းဖြစ်ပြီး ဆေးရုံဝတ်စုံကို
ဝတ်ထားသည်။

ဘာတွေလဲ။ငါဘယ်ရောက်နေတာလဲ။

ဝှီးချဲပေါ်မှ ခြေတစ်ဖက်ချလိုက်သည်။
မည့်သည့်နေရာကမှ နာနာကျင်ကျင်မခံစားရသဖြင့် စိတ်ထဲတော့အနည်းငယ်ပျော်မိသွားသည်။
သူအမြန်ပင် ဝှီးချဲပေါ်ကထလိုက်ပြီး
မြူဖုံးနေသော စင်္ကြံလမ်းတစ်လျှောက် ဖြည်းဖြည်းချင်းလျှောက်လာပြီးနောက်
စင်္ကြံလက်ရန်းကိုကိုင်ကာ သူ့အားကျောခိုင်း
ရပ်နေသူ တစ်ယောက်အား တွေ့သည်။
ဝီလျံသူဘယ်ရောက်နေလဲ မေးရန် ထိုလူ့အနား
တိုးကပ်သွားလိုက်သည်။

""ဒီမှာ..""

ထိုသူသည် သူ့အားလှည့်ကြည့်လာပြီး
ပြုံးပြသော်ငြား ဝီလျံ့မှာ အနည်းငယ်ထိပ်လန့်
သွားသည်။ထိုလူသည် သူပင်ဖြစ်နေသည်။
ဝီလျံသည် သူနှင့်တူနေသောလူကိုတွေ့သော်
ခြေလှမ်းများကို အလိုလိုနောက်ရွှေ့မိသည်။
သို့သော်ထိုလူမှာ အနည်းငယ်အားပျက်နေပုံ
ရသည်။အားအင်ချိနဲ့ကာ ဒူးထောက်ကျပြီး
သူ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ထားသည်။
ထိုလက်ဖြင့်အုပ်ထားသော နေရာမှ သွေးနီနီတို့
အင်္ကျီကို ဖြတ်ပြီး စိမ့်ထွက်လာကာ ကြမ်းပြင်ပေါ်တစ်စက်စက် ကျနေသည်။ဝီလျံ့မှာ နှလုံးပြုတ်ကျမတတ် ထိပ်လန့်သွားရပြီးနောက် ထိုနေရာမှလွတ်မြောက်လာသည်။

မျက်လုံးများ ဖွင့်လိုက်ချိန်တွင် သူ၏ အခန်းမှောင်မှောင်သို့ ရောက်ရှိနေပြီးဖြစ်သည်။
ရင်ဘတ်မှာလှိုက်ဖိုနေကာ နှလုံးခုန်သံလည်း
အတော်ကျယ်နေသဖြင့် သူ့ရင်ဘတ်ကိုသူပြန်ဖိ
ထားလိုက်သည်။ ထို့နောက် အံဆွဲတွင်းမှ
ဆေးဘူးကို ဆွဲထုတ်ယူလိုက်တော့ ဆေးမှာ
ကုန်နေပြီဖြစ်သည်။

""ဟုတ်သားပဲ။ မနက်ဖြန်ဆေးသွားယူရမယ်""

ဝီလျံရေအနည်းငယ် သောက်ပြီးသာ စိတ်ငြိမ်အောင် ပြန်နေလိုက်သည်။ ဘာကိုစိတ်စွဲပြီး
မြင်မက်သလဲ သူမသိ။ အိမ်မက္ထဲတွင်
သူနှင့်တူတဲ့လူရဲ့ နှလုံးရှိတဲ့ဘက်က သွေးများ
ယိုစိမ့်လာသည်ကို ပြန်တွေးမိရင်း
ဝီလျံနှလုံးရှိရာသို့ လက်တင်ကာ နှလုံးခုန်သံကို
နားထောင်နေမိသည်။ ထို့နောက် သူဆေးရုံ
တက်နေစဉ် အတောအတွင်းကအချိန်တွေအား
ပြန်တွေးမိသည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now