Chapter 31

2.1K 242 37
                                    

Unicode

"" ထက် မနက်က အရေးပေါ်ကိစ္စရှိလို့ဆိုပြီး
singpore ပြန်သွားတယ် ""

ကြားလိုက်ရသော စကားသည် ကြိုတင်
မျှော်မှန်းထားပြီးသား ကိစ္စဖြစ်သော်လည်း
အမှန်တကယ် ကြုံတွေ့လာချိန်တွင်
ဝီလျံ့၏ စိတ်အင်အားတို့မခံနိုင်အောင်
ပြိုကွဲသွားပြီဖြစ်သည်။

ထင်တဲ့အတိုင်း အကို သူ့ကိုရှောင်ပြေးသွား
ပြီပေါ့။ အရေးပေါ်ကိစ္စဆိုတာ ဆင်ခြေတစ်ခု
ဖြစ်ပြီး တကယ့်အရေးကိစ္စက သူနဲ့ဝေးရာကို
သွားဖို့ဆိုတာ ဝီလျံနားလည်တယ်။

ဝီလျံ့စိတ်တွေပေါ့ပါးသွားတယ်။
နောက်ဆုံးတော့ ပြီးသွားပြီပေါ့။ ဒီလို
အဆုံးသတ်သွားတယ်ပေါ့။ မျှော်လင့်ချက်
ဆိုတာမရှိတော့ပဲ အမှောင်ထဲမှာ လမ်းလျှောက်
နေရတဲ့ လူတစ်ယောက်လို။ ပေါ့ပါးသွားလိုက်တာမှ လူကအခွံပဲကျန်တော့သလို ခံစားရသည်။
စိတ်ခံစားချက်တွေအကုန် စုတ်ယူခံလိုက်ရ
သူလိုပဲ။ အသက်ဝိဉာဉ္မပါတဲ့ ကိုယ်ခန္ဓာလို
ခံစားနေရတယ်။

ဘာဖြစ်သေးလဲ။ ဒါသတ်မှတ်ထားတဲ့
အဆုံးသတ်ပဲလေ။ အချစ်တစ်ခုအတွက်နဲ့
ဘဝကိုပါ အဆုံးရှုံးခံလို့မှ မဖြစ်တာ။
ဒီမနက် ဘာလို့အစောကြီးထပြီး
စျေးထဝယ်နေရတာလဲ။ ဒါတွေကမလိုအပ်
တော့ဘူး။ အလေ့အကျင့်တွေက သိပ်ကြောက်
စရာကောင်းတယ်။

""သား ဒီနေ့ သားအကိုဖို့ ထမင်းချိုင့်ယူသွားဦး""

မေမေကမ်းပေးလာတဲ့ ထမင်းဘူး။
သူ သိပ်ကြိုက်ခဲ့တယ်။ တစ်နေ့ကညကပဲ
အရမ်း ကြိုက်တယ်လို့ပြောခဲ့သေးတယ်။
အဲ့လိုပြောခဲ့ပေမယ့် . . .
အခု ဒါတွေက ဘာမှအရေးမပါတော့ဘူး။

""မလိုတော့ဘူး""

ဝီလျံ့အသံက အေးစက်နေသည်။
အံ့ဩနေတဲ့ မေမေ့မျက်နှာကိုလည်း
မကြည့်ချင်ဘူး။ ဘာလို့လူတွေက
အံ့ဩတဲ့ မျက်နှာနဲ့ ကြည့်နေကြတာလဲ။
ဘာလို့လဲ။ ဒါက ပုံမှန်ပါပဲ။ ကျွန်တော်
ပြောင်းလဲသွားတယ်ဆိုတဲ့ အကြည့်မျိုး
မကြည့်ကြပါနဲ့။

ချစ်ရတဲ့လူနဲ့ အမြဲတမ်းဆုံဆည်းရမယ်လို့
ဘယ်သူမှ သတ်မှတ်မထားဘူး။
ဒီတိုင်း တွေ့ဆုံကြတယ်၊ ချစ်ခဲ့ကြတယ်၊
ပြီးရင် အကြောင်းအမျိုးမျိုးကြောင့်
ပြန်ပြီးကွဲကွာကြဦးမှာပဲ။ သူနဲ့အကိုကြားမှာလည်း သာမာန်လမ်းခွဲမှုမျိုးပဲလေ။
ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်က
သူရူးသွပ်သွားစေဖို့ မလုံလောက်နိုင်ပါဘူး။
သူက ခေတ်ပညာတတ်လူငယ်၊
အချစ်တစ်ခုအတွက်နဲ့ ဘဝကြီးကို
ကမောက်ကမ ဖြစ်အောင်မလုပ်သင့်ဘူး။
အချိန်နည်းနည်းလောက်ယူလိုက်ရင်
အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားမှာပဲ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now