Chapter 7

2.7K 259 37
                                    

Unicode

ဒီတစ်ခေါက်ပိတ်ရက်တော့ နှောင်းက
အိမ်လိုက်လည်သည်။အစ်မမြတ်လည်း
အိမ်မှာရှိနေသည်။ အစ်မြတ်သည်
ဝီလျှံနှင့်နှောင်း၏ ဆက်ဆံရေးကို
သဘောမကျခဲ့။သို့သော် သူမဝင်မတား
ဆီးခဲ့ပေ။ အတူရှိချိန်ဆိုလျှင် ရှောင်ဖယ်
သွားတတ်သည်။ အကြောင်းအရင်းကို
ဝီလျှံလည်း မသိ။နှောင်းကို အစ်မမြတ်က
ယောင်းမအဖြစ်မသတ်မှတ်နိုင်လို့လား။

"လာ သမီး၊ အန်တီက စတိုခန်းရှင်းနေ
တာနဲ့ ထွက်မကြိုဖြစ်တာ။ ထမင်း
စားသွားပါလား။"

"မစားတော့ဘူး အန်တီ။ သမီး မြတ်နဲ့
လည်း စကားပြောချင်လို့။"

နှောင်းက လှေကားပေါ်က ဆင်းလာတဲ့
အစ်မမြတ်ကို ကြည့်ပြီး​ပြောသည်။
အစ်မမြတ်၏ မျက်နှာကတော့
​ပင်ကို အနေအေးသူမို့ ပြောင်းလဲခြင်း
မရှိ တည်ကြည်နေသည်။

"သမီးကြီး ဒီ မှာ သမီးသူငယ်ချင်းက
သမီးကို တွေ့ချင်လို့တဲ့။"

"သမီး ခြံထဲစာဆင်းဖတ်လိုက်ဉီးမယ်။"

မြတ်သည် သူမကို တွေ့ဖို့ ငြင်းပယ်လိုက်
သည်။နှောင်း ဝီလျှံ့ပေါ် မေတ္တာရှိသည်ကို
သိချိန်က "မဖြစ်ရဘူး"ဟု မြတ်ပြောသည်။
မြတ်သည် သူ မဖြစ်စေချင်သည်ကို
အသိပေးခဲ့သော်လည်း နှောင်းရှေ့ဆက်
တိုးခဲ့ကာ မြတ်နဲ့သူမ၏ဆက်ဆံရေး
အကြား အက်ကြောင်းတစ်ခုကို
သူမတောင်မသိလိုက်ဘဲ ပြုလုပ်လိုက်မိ
သည်။ နှောင်း မြတ်နဲ့ပြန်ပြေလည်ချင်
သည်။ သူငယ်ချင်းတင်မက တစ်ချိန်မှာ
မိသားစုလည်း ဖြစ်လာမှာမဟုတ်လား။

"သမီးကြီးကလေ လူကလည်းအေးသလို
သွေးလည်းအေးတယ်။ သူငယ်ငယ်တုန်း
ကလည်း သူငယ်ချင်းတစ်ယောက်ဆို
အဲ့သူငယ်ချင်းဘယ်လောက်ဆိုးဆိုး
အဲ့တစ်ယောက်ပဲ ပေါင်းတယ်။သစ္စာကြီး
တယ်။ အစွဲလည်းကြီးတယ်။"

နှောင်း တက္ကသိုလ်တွင် မြတ်နဲ့ရင်းနှီးပြီး
သူငယ်ချင်းကောင်းတစ်ယောက်ရဲ့
အင်္ဂါရပ်မှန်သမျှ တွေ့ခဲ့ရသော်လည်း
မြတ်၏ ရင်ထဲကစိတ်နှလုံးကို နှောင်း
မရရှိခဲ့။ အဲ့အချိန်တည်းက မြတ်စိတ်ထဲ
မှာ ဘယ်သူ့ကိုမှ မပေးနိုင်တဲ့ နေရာတစ်ခု
က ပိုင်ရှင်ရှိနေလောက်သည်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now