Chapter 25

1.9K 251 48
                                    

Zawgyi

တိုက်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့
မီးဝါလေး လင်းလာတယ်။ ကျောပေါ်ကအကို့ကိုအနည်းငယ် ပင့်တင်လိုက်ကာ အထဲကိုဝင်ပြီး
တံခါးကို ပြန်ပိတ်လိုက်သည်။

ထုံးစံအတိုင်း ပျော်ကြပါးကြ သောက်ကြပြီးရင်
တွေ့ကရာ အိပ်တတ်တဲ့ ဒီအကိုကို စတွေ့ကတည်းက သူပဲတာဝန်ယူရပါသည်။

ပုခုံးပေါ်တင်ထားသော ပါးတစ်ဖက္မှာ
နီရဲကာ မို့အစ်နေသည်။ မျက်တောင်ရှည်ရှည်တို့က စဉ်းနေသည်။ ဝီလျံ မပြုံးဘဲမနေနိုင်။
လက်သာအားရင် နှာခေါင်းကို ဆွဲဖျစ်မိမှာပင်။

အကို့ကို အခန်းထဲမှာ သေချာနေရာချပြီး
ဖိနပ်နဲ့ ခြေအိတ်ကိုချွတ်ပေး၍ စောင်သေချာ
ခြုံပေးလိုက်ကာ မီးပိတ်ပြီး အခန်းပြင်ထွက်ခဲ့
တော့သည် ။

မနက်ဖြန်က ပိတ်ရက်ဖြစ်တာကြောင့် သူအကို့ဆီ လာဉီးမှာပဲ။ ဝီလျံဖြိုးရဲ့ တစ်နေ့တာတိုင်းမှာ
မိုးထက်ပိုင်နဲ့ အမြဲတစေ တွေ့ရဖို့ ရာခိုင်နှုန်းများများ ဖန်တီးထားတယ် ။ ရုံးမှာလည်း တွေ့ရသလို
နေ့လည်စာစားဖို့လည်း တကူးတကသွားခေါ်တယ်။ ရုံးဆင်းတိုင်း အကြောင်းမရှိ အိမ်လိုက်တယ်။ ဒါတွေကို မိုးထက်ပိုင်ကလည်း မကြိုက်တဲ့အရိပ်အယောင် မပြတာမို့ ပိတ်ရက်တွေပါ
အကြောင်းရှာပြီး သွားတယ်။ ဟင်းချက်ကြွေးတာမျိုး။ အရင်က ရေသန့်ဘူးတွေပဲရှိတဲ့ ရေခဲသေတ္တာက အခုတော့ စိုက်ခင်းတစ်ခုလုံးရောက်နေပြီ။သူရောက်တည်းက မိုးထက်ပိုင်က
ဆေးလိပ်မသောက်ရတော့ဘူး။ တစ်ခါ ဝရံတာမှာ ဆေးလိပ်သောက်နေတာ တွေ့တော့

"" အကို ဆေးလိပ်သောက်တတ်တာလား။
ဆေးလိပ်သောက်တဲ့ လူတွေက စိတ်ညစ်လို့
သောက်တာလို့ ကြားဖူးတယ်။ အကို ပျော်အောင် ကျွန်တော်ထားမှာ မို့လို့ ကျန်းမာရေး ထိခိုက္မယ့် အလုပ်တွေတော့ မလုပ်ပါနဲ့ဗျာ""

ဆိုတဲ့ အနေရခက်တဲ့ စကားတွေကြောင့်

"" မင်းက ငါ့အဖေလား"" လို့ ရွဲ့လိုက်သော်လည်း
မိုးထက်ပိုင် အီလည်လည်နဲ့ ဆေးလိပ်မီးကို
ချေပစ်လိုက်ရတယ်။
ကြိုက်လွန်းလို့ သောက်နေတာမဟုတ်တော့
တားပေးမယ့် တစ်ယောက်ယောက်တော့
အမှန်တကယ် လိုနေခဲ့တာပါ။ ထိုလူက
ဝီလျံဖြိုး ဖြစ်နေရုံပဲ ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now