Chapter 9

2.6K 236 13
                                    

Zawgyi

"ဝီလျံ"

""ဪ အစ်မတို့ ရောက်ပြီလား။လာ ထိုင်""

မခိုင်မွန်၊ကျော့ကေသီတို့ နောက်မှ နှောင်း
ဝင်လာတော့ သူတို့သတိမထားမိအောင်
နှောင်းကို ခိုးပြုံးပြမိသေးသည်။

ရုံးတွင်း relationship ကို နှောင်းကအား
မပေးဘူး။အထူးသဖြင့် မခိုင်မွန်တို့လို
ကိုယ့်ထက် သူများအကြောင်းကို ပိုစိတ်
ဝင်စားသူတွေကြောင့်မို့ နှောင်းက မပွင့်
လင်းချင်။ဒါလည်း ဝီလျံ့အတွက် ပြဿနာ
မဟုတ်ပါ။ခိုးကြောင်ခိုးဝှက်ချစ်ရတာလည်း စိတ်လှုပ်ရှားဖို့ကောင်းတယ်။

""အားနာပါတယ်ဗျာ။ ကျွန်တော် မနေ့က
အိမ်မှာ design ကို အပြီးသတ်လိုက်တယ်။
deadline က ကပ်နေပြီဆိုတော့ ကြိုပြီး
ထားရင် လူကြီးဆီက မျက်နှာရတယ်လေ။
လာ အစ်မနီလာ ဝင်ထိုင်ဗျ""

ရာထူးကျပြီး ဝီလျံ့လက်ထောက် ဖြစ်သွား
ပေမယ့် ပြဿနာမရှိ။ အစ်မနီလာက
မကျေနပ်တာတွေလည်းမရှိဘဲ ဝီလျံ့ကို
ရေကုန်ရေခမ်း ကူညီသည်။

အပြုံးချိုလေးနဲ့ ဝီလျံ့ကို ကျော့ကေသီကတော့ ထုံးစံအတိုင်း စည်းလွတ်ဝါးလွတ်ကို ငေးနေတယ်။
ဝီလျံ့ရဲ့ သွားတန်းဖြူလေးတွေကြားမှာ
လမ်းမပျောက်တဲ့လူ မရှိပေ။

""အာ ကျွန်တော်အခု meetingခေါ်လိုက်ရတာ အားနာပါတယ်။အကုန်လုံးလည်း
အလုပ်ရှုတ်နေမှာပေမယ့် ဒီနေ့ပဲ
ကိုထက်ပိုင်ဆီ ကျွန်တော်တင်ထားချင်
လို့ ကျွန်တော့်designမှာ သုံးချင်တာ
လေးတွေ ပြောပြီး နှောင်းတို့က
costကို အကြမ်းတွက်ပေးနိုင်မလား""

""ရပါတယ်။ အပန်းမကြီးပါဘူး။
ကုမ္ပဏီ ကိစ္စဆိုတော့ အလုပ်ရှုတ်တယ်
မရှိပါဘူး""

နှောင်းရဲ့ တည်ငြိမ်မှုlevelကိုတော့ ဝီလျံချီးကျူးမိသည်။

""ဟုတ် costပါတစ်ခါတည်းတွဲပြီး အမြတ်
တွက်လိုက်ရင် ကိုထက်ပိုင်ပို စိတ်တိုင်း
ကျလောက်တယ်ဗျ""

ထိုစကားကြားတော့ ကျော့ကေသီက ခိုင်မွန့်ကို တံတောင်နဲ့ထိုးပြီး ခိုးရယ်သေး
တယ်။

""ဝိုးးး ဝီလျံက အလုပ်လုပ်တာ စေ့စပ်
လိုက်တာ ။ designer မလုပ်ဘဲ management ပိုင်းမှာဆိုရင်တောင် နိုင်
တယ်လို့ပြောလို့ရတယ်""

AGAIN [ 2Moe Season 2 ]Where stories live. Discover now