Chapter 23

2K 249 31
                                    

Zawgyi

မိုးထက် ဆေးရုံကော်ရစ်တာပေါ်ပြေးလွှား
နေရပြန်သည် ။ ထုံးစံအတိုင်း ကိုစစ်က
ပျောက်သွားပြန်ပြီလေ ။ တစ်နေရာသွားမယ်
ဆို ပြောသွားဖို့ မှာထားတာကို ။

ကော်ရစ်တာ လက်တန်းပေါ် လက်တင်ပြီး
အောက်ကို ငုံ့ကြည့်ကာမှ တွေ့ပါပြီ ။
အရိပ်ရတဲ့ အပင်ရဲ့ ခုံတန်းလေးပေါ်မှာ ။
မိုးထက် အမြန်ပင် ဆင်းသွားလိုက်သည် ။

"" ကိုစစ် .. ""

မိုးထက်ခေါ်လိုက်တော့ ပြုံးပြသည် ။
ဘာအပြစ်မှ လုပ်မထားသူလို ။

"" ထက် မင်း စာကျက်နေလေ ""

"" ကျက်ပြီးပြီ ၊ ကျွန်တော့်ကိုကျ စာကျက်ခိုင်း
ပြီး ကိုစစ်ကို အပြင်သွားရင် ပြောပါလို့
ပြောတာကို ဘာလို့မပြောတာလဲ ""

"" ငါမပျောက်သွားပါဘူးကွာ ..
လာထိုင်ဉီး ""

သူ့ဘေးက နေရာကို ပုတ်ပြတော့
မိုးထက် ဝင်ထိုင်လိုက်သည် ။
ထို့နောက် ကမ်းပေးလာသော
နားကျပ်တစ်ဖက် ။

"" မင်း မနက်ဖြန် ပုသိမ်မှာ စာမေးပွဲ
ပြန်ဖြေနော် ။ ဂုဏ်ထူးတွေပါအောင် ""

မိုးထက် နားကျပ်တစ်ဖက်ကို ယူလိုက်သည် ။
မဖြစ်မနေသာ သွားရမှာ ကိုစစ်နားက
တစ်ဖဝါးမှ မခွာချင်ပါ ။ ဒီဆယ်တန်းကို
အရှုံးခံလိုက်ဖို့တောင် မိုးထက်သတ္တိရှိပါ
သည် ။

"" မြန်မြန် ဖြေပြီး ပြန်လာခဲ့မယ် ""

နားကျပ်ကို နားမှာ ကပ်လိုက်ပြီး
မိုးထက်ပြောလိုက်သည် ။
ဖုန်း screen ပေါ်မှာ သီချင်းရွေးဖို့
ပြေးလွှားနေတဲ့ လက်ချောင်းလေး ။
ရေးရေးပြုံးနေတဲ့ ဖြူစုတ်စုတ်နှုတ်ခမ်းလေး။
အခုချိန် အရာအားလုံးက အနှေးကွက်တွေလို
မိုးထက် မျက်ဝန်းမှတစ်ဆင့် နှလုံးသားထိ
တစ်ခုချင်းစီ လိုက္မှတ်နေမိသည် ။
ကိုစစ်ကို မိုးထက် ဘယ်လောက်တောင်
ချစ်မိနေလဲ မိုးထက်ကိုယ်တိုင် တိုင်းမရပါ ။
ဝေးသွားဖို့ မစဉ်းစားရဲတာတော့ သေချာပါ၏။

"" ရပြီ "" ဆိုပြီး ဖုန်းကို အလယ်မှာချလိုက်ကာ
ခပ်နက်နက် မျက်ဝန်းတို့အား ခပ်စိပ်စိပ်
မျက်တောင်တို့က ပိတ်သိမ်းလိုက်သည် ။

AGAIN [ 2Moe Season 2 ]Where stories live. Discover now