Chapter 8

2.6K 251 14
                                    

Unicode

လက်ဆွဲအိတ်ထဲ Laptopနဲ့ စာရွက်တွေ
အမြန်ထည့်ပြီးတာနဲ့ အိမ်ထဲကအမြန်
ထွက်ပြီး ကားဂိုဒေါင်သို့သာဉီးတည်
လိုက်သည်။သူ၏ မြတ်နိုးခြင်းတို့
စုပုံနေသော 2019 Audiလေးက သူ့အား
အဆင်သင့်စောင့်ကြိုနေလေသည်။

"အဲ့လောက်တောင် သဘောကျနေတာ
လား။"

မြန်မာပြည်ပြန်လာခြင်း အတွက်
အစ်မမြတ်၏ အကောင်းမွန်ဆုံး
လက်ဆောင်ပင်။ဝီလျံက ကားစုဆောင်း
တာကို ဝါသနာကြီးသောကောင်လေးပင်။

"သဘောမကျစရာရှိလို့လား။
ဒီမှါစီးရမှာတောင် နည်းနည်းနှမြောမိ
တယ်။"

ခဲရောင် ပြောင်လက်နေသော ကားအဖုံး
ပေါ် လက်နဲ့ဆွဲရင်းပြောသည်။
USAက မို့လို့ သူ့အသည်းစွဲလေး
ဖြစ်နေခြင်း။

"အစ်မမြတ်က ဒီကမောင်လေးအတွက်
ဒေါ်လာ လေးသောင်းကျော်တောင်
ဖြုန်းတီးလိုက်တာပဲ။"

"သုံးလိုက်တာပါ။ မင်းကလွဲပြီး သုံးစရာ
နေရာမှမရှိတာ"

"ဒီတစ်ခါတော့ ကျွန်တော်တကယ်ကို
ကျေးဇူးတင်တယ် သိလား။
နောက်မှ တစ်ခုခုလိုက်ကျွေးမယ်။
အခုတော့ သွားလိုက်ဉီးမယ်။"

ကားပေါ်ကို ဖင်တစ်ကြွကြွနဲ့ တက်သွား
သော ဝီလျံကိုကြည့်ရင်း အစ်မမြတ်
ပြုံးမိသည်။ဒီလို မွေးဖွားလာပေးလို့၊
အဲ့ဒီလူနဲ့ တူညီစွာမွေးဖွားလာပေးလို့
မြတ် အမြဲကျေးဇူးတင်မိသည်။
ဒါဟာ တစ်ကယ့်ကို လူ့ပြည်ကအပ်
တစ်ချောင်းနဲ့ကောင်းကင်ကအပ်တစ်
ချောင်း တိုက်မိသလိုမျိုးပါပဲ။

မြန်မာပြည်ကြီး၏ ကားပိတ်ဆို့မှုနဲ့
ဝီလျံသည် လုံးဝအသားမကျသေးပေ။
နောက်နေ့မှ အိမ်က စောစောထွက်ဖို့
ရည်စူးလိုက်သည်။ဒီမနက် ကိုးနာရီ
အစည်းအဝေး နောက်ကျရင် သူဘာကို
အကြောင်းပြရပါ့။

ကားမှတ်တိုင်နားရောက်တော့ YBS ကား
ကြီးပေါ် လူအများတိုးဝှေ့တက်နေတာ
ကို အမှတ်မထင်ကြည့်လိုက်မိသေးသည်။
ထိုအထိ သူ့ကားသည် တစ်ဘီးမှမရွေ့ရ
သေး။တစ်ဖြည်းဖြည်း ဝီလျံကားရှေ့သို့
ထိုကားကြီးက ခေါင်းတိုးပြီး
ဝင်လာသဖြင့် ဝီလျံအကြပ်ရိုက်သွား
သည်။စက်သာနှိုးထားပြီး စိတ်ကြိုက်
မောင်းနှင်ခွင့်မရှိသော သူ၏ နိုင်ငံခြား
ဖြစ်ကားလေး၏ ဘဝ ဟာဆိုရင်ဖြင့်။

AGAIN [ 2Moe Season 2 ]Where stories live. Discover now