Ep-5

27K 1.7K 9
                                    

Uni...

" BOSS ဒါ Z အခုလက်ရှိနေနေတဲ့ စံအိမ်ပါ " မဟာမှိုင်း တပည့် ပြောသံ​ကြောင့် ကားမှန်ချကာ စံအိမ်ကြီးကို တစ်ချက်ကြည့်လိုက်သည်..... နှုတ်ခမ်းကလဲ ကြောက်စရာကောင်းလှတဲ့ မဲ့ပြုံးကြီးတစ်ချက်နဲ့ အတူ...

*အရင်လိုဘဲလား Z..... ပြန်ဆုံကြတာပေါ့....*

စံအိမ်ကြီးထဲကို တော်ရုံလူ၀င်လို့ ရမှာ မဟုတ်ပေ.... Z ရဲ့ သက်တော်စောင့်တွေဆိုတာကလဲ လက်ဝှေ့clubရဲ့လက်ရွေးစင်တွေကိုသာ ခေါ်ထားခြင်းဖြစ်သည်....

လုံခြုံရေးဝတ်စုံ အပြည့်နဲ့ Z အိမ်တော်ရဲ့ သက်တော်စောင့်များကြောင့် တော်ရုံအနားမကပ်ရဲကြပေ...Z စံအိမ်တော်ထဲ ခြေချသူမှန်သမျှ....Z အမိန့်သာဆို.... သတ်ပြီး အလောင်းဖျောက်လိုက်လို့ရသည်....

မဟာမှိုင်း စံအိမ်ရဲ့ အခြေအနေကို တစ်ချက် ကြည့်နေတုန်း သူ့ရဲ့ အာရုံကို ပုံရိပ်လေး တစ်ခုက ဖမ်းစားသွားသည်... အဲ့ဒါကတော့ ကလေးငယ်တစ်ယောက်....ရှက်အင်္ကျီအဖြူရောင်ပွပွလေးကိုမှ ချည်သားဘောင်းဘီအကွက်လေးနဲ့....၀တ်ဆင်ထားတဲ့ ကောင်လေး....

မိုးရွာပြီးခါစ မြက်ခင်း စိုစိုအိအိလေးတွေပေါ်မှာ ငုတ်တုတ်လေးထိုင်ပြီး အပင်ပေါက်လေးတွေကို လက်သေးသေးလေးတွေနဲ့ဆွဲနှုတ်နေတဲ့ ကလေးငယ်....သူ့ဟာသူ ပြုံးပျော်နေတဲ့ ကလေးငယ်ဟာ....မဟာမှိုင်း မျက်ဝန်းထဲမှာတော့....သက်ရှိအရုပ်ကလေး အလား..

ပြုံးလိုက်တိုင်း သွားစွယ်လေးတွေပေါ်ပေါ်လာတယ်.....မဟာမှိုင်း  ကလေးငယ်ကို အချိန်တော်တော်ကြာကြည့်နေတယ်  သူ့ရဲ့အတွေးတွေထဲမှာ Z နဲ့ ဒီကလေးငယ်နဲ့ ပက်သက်မှု ကိုသိချင်သည်...ဒါကြောင့်

မဟာမှိုင်း ကလေးငယ်ရဲ့ ပုံရိပ်တချို့ကို ဖုန်းဖြင့် မှတ်တမ်းတင်သွားကာ ဒီကလေးငယ်ရဲ့နောက်ကြောင်း စုံစမ်းရန်။

>>>>>>>>>>>>>>>>>>>>>>>>>>>>

Z ဖွင့်ထားတဲ့ လောင်းကစားရုံဟာ တကယ့် ဆိုးသွမ်းပါတယ်ဆိုတဲ့ လူဆိုးဂိုဏ်းတွေဘဲ လာလေ့ရှိတဲ့နေရာ တစ်ခုတည်းသော အပန်းဖြေနေရာပင်... ပြောရရင် ဥပဒေမဲ့ နယ်မြေဖြစ်တာကြောင့် ဒီနယ်မြေမှာ လူသတ်လို့လဲ ရသလို မှောင်ခိုရောင်း၀ယ်ရေးမှန်သမျှလဲ ပေါ်ပေါ်ထင်ထင် လုပ်ပိုင်ခွင့်ရှိတယ်.... ဒီကရတဲ့ ပိုက်ဆံရဲ့ 3 ပုံ 2ပုံ ကို နိုင်ငံတော် ဘဏ်ငွေအဖြစ် ပြည်သူနဲ့ ပြည်သူ့အစိုးရကိုပေးရသည်......

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now