Ep-37

15.3K 923 43
                                    

Uni....

" ကောင်းပြီလေ တွေ့ကြတာပေါ့.... Good Night "

ညသန်းခေါင်ကြီး ဝရံတာမှာ ဖုန်းပြောနေတဲ့ Daddy..... ဒီချိန်ကြီး ဘယ်သူနဲ့ မြန်းပြောနေရတာလဲ.....

မိုးသားနားထဲ စကားပြောသံကြားနေရတာကြောင့် ထကြည့်လိုက်တော့... ချစ်ရတဲ့ Daddy ဝရံတာမှာ ဖုန်းပြောနေသည်....ည အချိန်မဟုတ်အခါမဟုတ်မှ အလုပ်ကဖုန်းတော့မဖြစ်နိုင်...အဟက်....ဟိုမိန်းမ နဲ့ဘဲ နေမှာပေါ့...

ခန ကြာတော့ Daddy ကဖုန်းပြောပြီး.... ကုတင်ပေါ်တက်လာသည် မိုးသားလဲ မသိချင် ဟန်ဆောင်ကာ ပုံစံမပျက်လေးအိပ်နေလိုက်သည်....Daddyကတော....သူ့ကို ကျောပေးထားတဲ့ ကိုယ်သေးသေးလေးကို....ဆွဲကာ ရင်ခွင်ထဲ ထည့်ပြီးမှ အိပ်စက်တက်တာ.....

** Daddyရဲ့ အမြဲ ဒီလိုနွေးထွေးမှုကိုလိုချင်လိုက်တာ.....အချိန်တန်ရင်...ဒီရင်ခွင်ကြီးက တစ်စုံတစ်ယောက်အပိုင်ဖြစ်တော့မှာဘဲ....... မနာလိုလိုက်တာ **

အတွေးပေါင်းစုံနဲ့..မိုးသားတစ်ယောက် အရင်ကလိုချစ်ရတဲ့Daddy ရင်ခွင်ထဲ အိပ်စက်ရတာ မပျော်ရွှင်တော့ပါ......

.
.
.
.
.
.
.
.

ဘယ်အချိန်ကနေ ဘယ်လိုတောင် မိုးလင်းသွားလဲ မသိလိုက်....အခုချိန်ထိ နှစ်ခြိုက်စွာ မအိပ်စက်ရသေးတဲ့ ကလေးငယ်..... ငိုရလွန်းလို့ ခေါင်းတွေ ကိုက်ရသည်အထိ.....

မနေ့က ပျို့ တစ်ယောက် မိုးသားရဲ့ လက်ကောက်ဝှစ် ကို ဆွဲဆောင့်ရင်း လက်သည်းဖြင့် စိုက်မိသည်ကြောင့် အခု လက်သည်းဆိပ်တက်ကာ ညိုမဲနေပြီ.....Daddy ကတော့ သတိမထားမိချေ။

ရေချိုးခန်းထဲ ကအသံကြားတယ်.... ကြည့်ရတာ Daddy ရေချိုးနေတာထင်တယ်....ဟိုမိန်းကလေးဆီသွားမလို့လားဟင်..... ဟင့်အင်း မသွားပါနဲ့ Daddy...သားသား နေမကောင်းဘူး......Daddy နားဘဲနေချင်တယ်....ဟင့်အင်းမသွားပါနဲ့....

" အချစ်နိုးပြီလား.... "

Daddy အသံကြားတော့မှ အသိပြန်ဝင်ကာ.....

" Daddy ဘယ်သွားမို့လဲ... "

Daddy မျက်နှာကိုတောင်မကြည့်ချင်...တော်ကြာ မိုးသားရဲ့ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို တွေ့ပြိး မေးနေမှဖြင့် မဖြေချင်ပါ။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now