Ep-48 ( Final )

17.1K 860 87
                                    

unicord..

နောက်ဆုံးတော့ ပန်းစည်း အဖြူလေးဟာ....လူအုပ်ကြားထဲ ရောက်သွားခဲ့တယ်.... လေပေါ်မှာတင် တစ်စုံတစ်ရဲ့ လက်ဖြင့် ဖမ်းစုတ်ချင်းကို ခံလိုက်ရသည်....အဲ့လူကတော့....

" အို့ Yesssssss   အို ဟိုးးးးးး ရပြီကွ " ပန်းစည်းကို လေပေါ်မှာတင် ဖမ်းစုတ်ကာ... အောင်နိုင်သူအပြုံးဖြင့်....

" လေးဉာဏ် ! ကျွန်တော်လက်နဲ့ အရင်ထိတာ ကျွန်တော့်ကိုပေး... "

ဘေးမှ မကျေမခြမ်း ထွက်လာတဲ့ အသံ...ကြည့်တော့ Zနိုင်းကမ္ဘာတည်....

" ကမ္ဘာတည် ငါအရင်ဖမ်းမိတာလေ "

" ကျွန်တော်လက်နဲ့ အရင်ထိတာလေ "

" ပန်းစည်းက ငါ့လက်ထဲမှာလေ "

" ပါးးးပါးးးက ကျွန်တော်ဆီအရင်ပစ်တာလေ.. "

" ငါဖမ်းနိုင်တာလေ..."

" လေးဉာဏ် !!!! "

" ဘာတုန်းးးးးးး!!!! "

ဟူးးး ဒီနှစ်ယောက်နဲ့လဲ ခက်ပါ့..... ဟိုကလဲ မကြီးမငယ်ကလဲ ကလေးနဲ့ အပြိုင်ရန်ဖြစ်..... ဟိုအပင်ပေါက်ကလဲ အရွယ်နဲ့ မလိုက်အောင် လူကြီးတစ်ခွန်းဆို သူတစ်ခွန်း ......

မနေနိုင်တဲ့ အဆုံး မိုးသား စင်ပေါ်ကနေ...အပင်ပေါက်ကို

" ကဲပါ အပင်ပေါက်လေးရယ်.... လင်လိုချင်နေတဲ့ အကိုကြီး မင်းဉာဏ်ကိုသာ ပေးလိုက်ပါ..."

သူ့ပါးပါး အသံကြောင့်အင်တင်တင်နဲ့..... နိုင်း အလျော့ပေးလိုက်ရတော့သည်.... မင်းဉာဏ် ကတော့ ပန်းစည်းရသွားတာနဲ့..... မျောက်လက်ထဲ အုန်းသီးထည့်ပေးလိုက်သလိုပင်..... မကြာပါ.... ကိုကိုရေ~~~ ဆိုပြီး အော်ကာ....... ဟိုးးး အနောက်မှာ ရပ်နေတဲ့ ရှင်းသန့်ဆီ.....

နောင်တံခွန် တစ်ယောက်.... သူ့ဖေကြီးပုံကြည့်ကာ....မနိုင်ဘူးဆိုတဲ့ သဘောဖြင့် ခေါင်းတခါခါ..... ဘာဘာဘေးမှာ ရပ်နေရာမှ အလိုက်တသိ ထွက်သွားပေးလိုက်သည်.....နောက်မို့ဆို သားရှေ့မရှောက် Ro နေကြမှာလေ.....

" ကို~~~ကို့~~~~ရေ့~~~~ "

မင်းဉာဏ် အသံကြောင့် လူက ကြက်သီးဖြန်းကနဲ ထသွားသည်..... ဘယ်လိုဟာတုန်း..... အသံကို ဆွဲဆွဲငင်ငင်နဲ့ လူကို မြူစွယ်နေတဲ့ အသံ..... ဒီကောင်လေး လုံးဝ အရှက် မရှိတော့ပါလား....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now