Uni....
" Babe လေးရယ် ကိုယ်မှားပါတယ် လာပါ ကိုယ်စိတ်ပူလို့ပါ ကလေးရယ် ပြန်ဆင်းလာခဲ့ပါ..... ကိုယ်မှားပါတယ် "
ကလေးပေါက် မနေ့ညထဲက Z ကို ခေါက်ဆွဲပြုတ်စားချင်တာ ပူဆာခဲ့ပေမဲ့ Z မသိချင်ယောင် ဆောင်ပြီနေနေတာကြောင့် အကောင်ပေါက် စိတ်ဆိုးကာ ခြံထဲက သရက်ပင်ဆီ သူ့ဟာသူ ကုတ်တက်သည်........
ဟော ကြည့် သစ်ပင်ခွကြားမှာ ဆူပုတ်ပုတ်နဲ့ထိုင်နေတဲ့ မျောက်လောင်းလေး....လူကို သက်သက်စိတ်ပူအောင် Z အလစ်ကိုဘယ်ချိန်ကချောင်းနေလဲမသိ....Z ရေခနချိုးတာ အခုလိုဖြစ်ကော..
" လာပါ ကလေးရယ် ကိုယ် ကျွေးပါ့မယ် ပြန်ဆင်းခဲ့ပါ ကိုယ်အရမ်းစိတ်ပူနေလို့ "
" Daddy ကြီးက အဲ့လိုပြောပြီး ရူးချင်ယောင်ဆောင်နေရော "
" ဒီတခါ ကိုယ်တကယ်လုပ်ကျွေးပါ့မယ် လာပါ ဆင်းခဲ့နော် "
" ယုံကော ယုံရရဲ့လား "
ကဲကြည့် ဒီကလေးနှယ့်
" ok ok ကိုယ် ကတိပေးတယ်နော် "
" တကယ်နော် "
Z မှာ ရေချိုးရင်းတန်း သူ့တပည့်ဖြစ်သူမှ
" သခင်လေး သစ်ပင်ပေါ် တက်သွားတယ် "
ဆိုတာကြောင့် ကိုယ့်မှာ သဘတ်အဖြူတစ်ထည် ခါးမှာ ပတ်ကာ အသည်းအသန် ..ဒီပြသာနာအိုးလေးဆီ....
အခုတော့ Z ဆီက ခေါက်ဆွဲပြတ်စားဖို့ ကတိတွေ အထပ်ထပ်တောင်းနေတဲ့အသည်းအသက်လေး...
" Daddy "
" ပြောလေ အချစ်ကလေး "
" မဆင်းတက်တော့ဘူး "
"ဟင် "
အဲ့ဒါမှတိုင်ပတ်တာဘဲ တက်သွားတုန်းကတော့ မျောက်ကလေးဆို အခုတော့ ပြန်မဆင်းရဲ့တော့ဘူးတဲ့
သူ့အဖြစ်က ရယ်ရမလို ငိုရမလိုနဲ့ ကိုယ်ကတော့ စိတ်ပူတာဘဲ သိတယ် ကလေး လေး သာ တစ်ခုခု ဖြစ်ရင် ကိုယ်သေမှာ.....
" Babe လေးစိတ်လျော့ စိတ်လျော့ "
" အီးးးးဟီးးးး ဆင်းတက်ဘူး..... Daddy ကယ်ပါအုံး ဆင်းတက်ဘူး အီးးး "
" Babe လေး Babe လေး ခုန်ချလိုက်လေ ကိုယ်အောက်ကနေ ဖမ်းထားမယ် "
သူ့အားမယုံသလို လာကြည့်တဲ့ အကောင်ပေါက်....

YOU ARE READING
Mr.Z..../ S1 ( Z &U )Complete
Romanceကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....