Ep-27

18.2K 1.1K 42
                                    

Uni....

" ဟိုလေ ကြီးကြီး.... Daddy က ပြန်လာသေးဘူးလားဟင် "

မျက်နှာငယ်လေးနဲ့ မေးနေတဲ့ ကလေးကြောင့် ဒေါ်ချိုလဲ ဘာဖြေရမှန်းမသိ.... ဟုတ်ပါရဲ့.... သခင်ကြီး ခရီးထွက်သွားတာ 2 ရက်တောင် ရှိပြီ ပြန်မလာသေးဘူး..... ကြည့်ပါအုံး ဒီကလေး သခင်ကြီး မရှိထဲက ငြိမ်ကျသွားလိုက်တာ... တခါတလေ မှသာ ခြံထဲ ဆင်းတယ်.....

စံအိမ်တော်ထဲက လူတွေလဲ ကလေးကို ပျော်အောင်နည်းမျိုးစုံနဲ့ လုပ်ပေမဲ့ မိုးသားကတော့ သခင်ကြီးZ ကိုသာမေးမေးနေတော့..... အိမ်တော်ကလူတွေလဲ ဖြေရခက်သား.....

" ကြီးချိုလဲ မသိပါဘူး ကလေးရယ် ဟူးး..... "

ဒေါ်ချိုလဲ ဘာဖြေရမှန်းမသိတာကြောင့် လေပူ တစ်ချက်သာ မှုတ်ထုတ်လိုက်သည်။

" ဟုတ်ကဲ့ "

မျှော်လင့်ချက်မဲ့သော မျက်နှာလေးနဲ့ ကလေးငယ်.....

" သား စားလို့ရပြီနော် "

ဒေါ်ချိုလဲ အိမ်ပေါက်ဝအား ငေးတေးတေး ဖြစ်နေတဲ့ ကလေးကို မနက်စာစားရန် သတိပေးလိုက်တော့မှ.... ခေါင်းလေးငြိမ့်ပြလာတယ်....

" ဟူးး....Daddy မြန်မြန်ပြန်လာရင်ကောင်းမှာပါ "

တိုးတိုးလေး ငြီးဆိုလိုက်သည်..။

Daddy မရှိတော့ လူက ပျင်းနေပြီ....Daddy ကမှာထားတယ် သူမရှိလဲ မနက်စာ ပုံမှန်စားကမယ်တဲ့... စာလဲ ကောင်းကောင်းလုပ်ကမယ်တဲ့  လိမ္မာရင် Daddy က ခရီးလိုက်ပို့မယ် ပြောတယ်...။

မိုးသား သူ့Daddy စကားကို နားထောင်သည့်အနေဖြင့်.... မနက်စာစားရန် ထမင်းဝိုင်းသို့...

" ဝေါ့...ဝေါ့....."

" ဟယ် သားလေး ဟဲ့ ကလေးမလေးတွေ ဟဲ့....လာကြအုန်း "

ရုတ်တရတ် ဘေဇင် မှာ ထိုးအန်တဲ့ မိုးသားကြောင့် အားလုံးပြာပြာသလဲ ဖြစ်ကုန်ပြီ....

" အဲ့အနံ့ကြီး မကြိုက်ဘူး ...အော့~~ဝေါ့ "

စားပွဲပေါ်က မနက်စာ စွတ်ပြုတ်ပန်းကန်ကို လက်ညိုးထိုးကာ.....

" သားလေး အဆင်ပြေရဲ့လား... ကလေးမတွေ အဲ့ပန်းကန် ပြန်ယူသွားကြ "

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now