Ep-22

18.7K 1.1K 27
                                    

Uni....

" Doctor အမေ့ အခြေအနေလေး "

Yan ဘဝ မှာ ပြေးကြည့်မှ အမေတစ်ယောက်ဘဲ ရှိတောသည်မို့အမေသာ တစ်ခုခုဖြစ်ခဲ့ရင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မှာမဟုတ်....

" ကျနော်တို့ နောက်ဆုံးအကြိမ် ကြိုးစားကြည့်ပေမဲ့ စိတ်မကောင်းစွာဘဲ လက်လျော့ ရပါတော့မယ် "

" ဗျာ..... "

ကမ္ဘာလောက ကြီးတစ်ခုလုံး ရပ်တန့်သွားသလိုပင်....... အရာရာတိုင်းကလဲ သူ့အာရုံမှာ လည်ပတ်နေတယ် ပတ်ဝန်းကျင်တစ်ခုလုံး လည်ပတ်နေတယ်..... သူဘေးက လူတွေ အသီးသီး ဖြတ်သွားပေမဲ့ သူ့နားထဲ Doctor ရဲ့ပြောသံသာ ထပ်ခါထပ်ခါကြားယောင်နေတယ်.....

"  ဒီ Chemo ( ကင်ဆာ ) ဆေးတွေက အရမ်းပြင်းတော့ မောင်ရှင်းသန့်အမေ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး "

"  ..... "

ရှင်းသန့်နောင် ဆရာဝန်ခန်းထဲမှ ထွက်လာပြီးနောက်  .... လူဟာ အရုပ်ကြိုးပျက်သလို  ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့  အမေ့ ကျန်းမာရေးအတွက် သူ့ဘဝကြီးတစ်ခုလုံးပေးဆပ်ခဲ့တာ.....အမေအသက်ရှင်ဖို့ တစ်ခုတည်းအတွက်သာ...

.
.
.
.
.
.

" သားလေး ....... "

" အမေ ...... "

အမေမသိအောင် ကျလုဆဲ မျက်ရည်တွေကို သုတ်ခါ.... အပြုံးတုဖြင့် ပြန်ပြုံးပြသည်....

" ငါ့သားလေး လဲ ပင်ပန်းရောပေါ့ "

"....... "

အမေရဲ့ ပျော့တွဲကျနေတဲ့ အရိုးပေါ်အရည်တင် လက်ကလေးကို စုတ်ကိုင်ကာ.....

" သားခံနိုင်ရည် ရှိပါသေးတယ် အမေရ.....သားယောက်ကျားပါဗျ ဟီးဟီး "

အမေ့ရှေ့မို့ .....အမေ့ရှေ့မှာမို့ သားကြံခိုင်ပေမဲ့ သားအကြိမ်ကြိမ် ပြိုလဲနေ ခဲ့တယ် အမေရယ်......

" သားက သားလိမ္မာလေးပါ တစ်နေ့ ဘုရားသခင်က သားအတွက် ကောင်းချီးပေးပါမှာ ယုံနော် အမေ့ကလေးလေး "

မရှိမဲ့ရှိမဲ့ အားလေးဖြင့် Yan ဆံပင်လေးတွေကို ပွတ်ပေးနေတဲ့ အမေ.....

** အမေသိပါတယ် ကလေးရယ် ~~~ အမေက သားအမေဘဲ အမေ့သားလေးရဲ့ ဖြစ်တည်မှုတိုင်း အမေလက်ခံတယ် ကလေး..... **

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now