Ep_23

18.1K 1.1K 39
                                    

Uni.....

 ဒီကောင်လေး သူ့အပေါ်လုပ်ပေးခဲ့တဲ့ အရာတွေဟာ သာမာန်ထက် ပိုနေတယ်ဆိုတာ သိပေမဲ့...... ဒီလိုဖြစ်မယ်မှန်းသူမထင်ခဲ့.......

သူ့စကားကြောင့် ကောင်လေးမျက်နှာသိသိသာသာ ညိုးသွားတာ သူတွေ့လိုက်ရသည်။သို့သော်..... ဒေါသထွက်နေတဲ့ အချိန်မို့..... ပြောမိပြောရာ ပြောလိုက်ပေမဲ့ ဒီကလေး စိတ်မကောင်းဖြစ်မှာ မလိုလားပေ..... ကိုယ်က သူ့ထက် အသက် ကြီးတဲ့ အပြင် သူ့ပေါ်ဆို ကလေးတစ်ယောက်လို ဆိုးနေမိတယ်....

ညကလဲ ဘယ်တွေ သွားအိပ်နေလဲမသိ.... မိုးလင်းတော့  ညီ့အရိပ်ယောင်တောင်မတွေ့တော့....  လူကိုစိတ်ပူအောင် သိပ်လုပ်တဲ့ကောင်...

မင်းဉာဏ်က သူ့အပေါ် စိုးရိပ်စိတ် နဲ့အပြောမတက်ပေမဲ့   တကယ် စိတ်ရင်းကောင်းတဲ့ သူမှန်း သူအသိဆုံး....

ရှင်းသန့်နောင် စိတ်ရှုတ်တာကြောင့် ကော်ဖီဆိုင်လဲ မသွားဖြင့်....
.
.
.
.
.
.

" မင်း.....တို့ကို တွေ့ချင်တယ်ဆို "

နှုတ်ခမ်းနီ  တောက်တောက်ကို ရဲနေအောင်ဆိုးကာ... ပေါင်အရင်းထိ ခွဲထားတဲ့ စကပ်ရှည်နဲ့.... ရင်သားများ ပေါ်လုနီးပါးဖြစ်နေတဲ့.... ကိုယ်ကျပ်အင်္ကျီအမဲလေး နဲ့ သူမဟာ တခြားယောက်ကျားတွေအဖို့ Sexy ပြီးsmart ကျပေမဲ့ မင်းဉာဏ် မျက်စိ ထဲတော့ ထောင့်မကျိုးပေ...

" ကိုကို နဲ့ ဝေးဝေးနေ "

​မင်းဉာဏ်ရဲ့ အကြည့်တွေထဲပြတ်သားမှုတွေပါသည်။ သို့သော်  နောက်ဆုတ်မည့်ပုံ မပေါ်တဲ့ သူမကတော့....

" အို......တို့က ဘာကိစ္စနဲ့ဝေးဝေး နေပေးကမှာလဲ  မဖြစ်နိုင်တာ "

ခနဲ့ သလိုပြောတဲ့ မြူနှင်းကြောင့်

" ဒါမင်းကို သတိပေးတာမဟုတ်ဘူးနော်..... အမိန့်ပေးတာ ..... မင်း  ကိုကို နဲ့ ထပ်မတွေ့ရင်ကောင်းမယ်.....မင်းဗိုက်ထဲက ကလေး လူသိရှင်ကြားမဖြစ်စေချင်ရင်ပေါ့ "

ပုခုံးနှစ်ဖတ်ကို တွန့်ကာ.... မျက်ခုံးတစ်ဖတ်ပင့်လျက်... နှုတ်ခမ်းထက် လှောင်ပြုံးနှင့်အတူ..ပြောလာသည့် မင်းဉာဏ်ကြောင့် သူမ မျက်လုံးအစုံ ပြူးကျယ်သွားသည်။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now