Ep-41

15.2K 952 47
                                    

Unicord..

" ဦးလေးကြီး.... Daddy ကော.... "

မီးဖိုဆောင်က သူ့အကိုတွေနဲ့.... အတင်းပြောလို့ဝတော့... ထွက်လာပါပြီ.... ပေါက်စ

သူ့Daddy ကို မတွေ့တာကြောင့် .... ဧည့်ခန်းမှာ ထိုင်နေတဲ့ မဟာမှိုင်းကို မေးတော့....

ခေါင်းတခါခါ နဲ့မို့... သူလေး စိတ်မရှည်တော့.... မျက်မှောင်ကြုတ်ကာ.... မျက်စောင်းလေးကလဲ ပစ်ထိုးလိုက်သေးရဲ့.... သူမေးတာကို မသိရ ကောင်းလားပေါ့....

" ဟွန်းးးး ဘာမှကို မသိဘူး... "

ပြောပြီး သူ့ဟာသူ ဆိုဖာခုံမှာ ဝင်ထိုင်ကာ Daddyအလာကို စောင့်နေတာ.....

မဟာမှိုင်း ခမျာ အလကား သက်သက် အဟောက်ခံလိုက်ရသေးသည်။

မဟာမှိုင်းလဲ Z ရဲ့ အသည်းသက်လေးက သူ့၏ မျက်စောင်းထိုး ခုံမှာ လာထိုင်သည်ကြောင့်  သောက်လက်စဆေးလိပ်ကို ချက်ချင်းဆိုသလို ဆေးလိပ်ခွက်ထဲ ချကာ မီးသတ် လိုက်သည်... ကိုယ်ဝန်ဆောင်သည် တစ်ယောက် ရှေ့ ဆေးလိပ်မသောက်သင့်ဘူးမဟုတ်လား။

မိမိ လုပ်ဆောင်လုပ်တဲ့ အပြုအမူဟာ  မိမိရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်တဲ့.....။

.
.
.
.
.
.

" ကိုကိုရေ~~~~~~ အဟင့် အဟင့်~~~ကိုကို "

" ကိုကိုရေ ~~~ ကိုကို့ကလေးလေးအဖြစ်ကို လာကြည့်ပါအုံး "

စလာပါပြီ.... မင်းဉာဏ်.... လက်ထဲမှာလဲ အထုပ်တွေ အထုပ်တွေနဲ့....တကိုယ်လုံးလဲ ချွေးတွေဆိုတာ ရေလောင်းထားသလား အောင်းမေ့ရတယ်။

အိမ်ပေါက်ဝ ကနေ အာပြဲ ကြီးနဲ့ အော်နေတာ.....

ဒီနေ့ အိမ်မှာ ခွေးပေါက်စ က ဟော့ပေါ့ စားပြီး .... သူ့ကိုကို တွေနဲ့ ဆော့ချင်တယ် ဆိုတာကြောင့် ရှင်းသန့်နောင်နဲ့ Yan ကို အိမ်ခေါ် လိုက်တာ....

ဘယ်နှယ့် အပိုလူတွေပါ ရောက်ချလာတယ်....တခြားသူတော့ မဟုတ် သူတို့ရဲ့ လင်လင်တွေပေါ့.... အကြောင်းပြချက်ကတော့ မဟာမှိုင်းကစိတ်မချလို့တဲ့....မင်းဉာဏ်ကတော့ မခွဲနိုင်လို့ဆိုဘဲ....ပြောကိုမပြောချင်ဘူး ...  ထားပါလေ သူတို့လာတော့လဲ အိမ်က အလုပ်သမားတွေ သက်သာတာပေါ့

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now