Ep-25🔞

25.3K 1.1K 14
                                    

Uni....

" မင်းဉာဏ် အခြေနေ ဘယ်လိုလဲ "

" မကောင်းဘူး Boss ကျွန်တော်တို့ လိုက်သွားမှ ဖြစ်မယ် "

" ကျစ်! "

  လက်နက်တွေ သယ်ဖို့ရာ ခရီးကအတော်လေးကြမ်းသည့်အပြင် နယ်မြေ အခြေနေအရ ငွေဘယ်လောက်ခင်းခင်း ညှိ့လို့ရမဲ့ပုံ မပေါ်.....

" ကောင်းပြီ မင်းဉာဏ်မနက်ဖန် ညစထွက်ဖို့ ပြင်ထားတော့ "

Z ဆေးလိပ် ငွေ့တစ်ချက် မှုတ်ထုတ်ခါ ပြောလိုက်သည်....

" ဟုတ် Boss ကျွန်တော်အဆင်သင့် ဖြစ်အောင် ပြင်ထားလိုက်ပါ့မယ် "

" ကောင်းပြီ.... "

Z ပြောပြီးတာနဲ့ ဖုန်းချလိုက်သည်။

လောက်ကိုင် ဘက်က သူ့တပည့်တွေကို လွှတ်ထားပေမဲ့..... ကိုယ့်ပိုင်နက်ထဲဝင်လာတဲ့ ယုန်သူငယ်တွေ ကို မစားတဲ့ ကျားဆိုတာတော့ ရှိပါ့မလား.... အခုလဲ Z တပည့် အချို့.... လောက်ကိုင်ဘက်က ရွှေတြိဂံ ဂိုဏ်းဘက်နဲ့ညှိ သွားတာကြောင့် ပြသာနာတက်နေပြီ။

ဥပဒေမဲ့ နယ်မြေဖြစ်တာကြောင့် ဥပဒေအရ စကားသွားပြောလဲ ဘောင်မဝင်ပေ...... ဒါကြောင့် လက်နက်ချင်းသာ စကားပြောရတော့မည် ။

Z ကလေးငယ်ကို ထားခဲ့မှ ဖြစ်မည်.... ဒီလို ခရီးကြမ်းကို သူလေး လိုက်နိုင်ပေမဲ့...... Z ကတော့မခေါ်သွားနိုင်.... သူလိုလူမျိုးက.... သေမင်းနဲ့ ကစားနေရပေမဲ့.... သူ့ကလေးကို ပွန်းပဲ့ရာတောင်မခံနိုင်တဲ့ လူစားမျိုးပင်..။

" ပြွတ်..... ကိုယ့်ရဲ့ ကြမ်းတမ်းလှတဲ့ ဘဝ ထဲ ကိုယ့်မျက်နှာ တစ်ခုတည်းကိုဘဲ ကြည့်ပြီး အရဲစွန့်ဝင်လာခဲ့ပေးတဲ့ .... အတွက်ကျေးဇူးတင်ပါတယ်..... "

အိပ်ပျော်နေတဲ့ နှုတ်ခမ်းလေးကို နမ်းကာ.....

" ကိုယ့်ဘဝမှာ ကလေးကသာ ကိုးကွယ်ရာ...ကလေးကသာ ကိုယ့်ဘဝရဲ့ နတ်ဘုရားလေး....ရှေ့ဆက် Babe ရဲ့ အပြုံးလေးတွေနဲ့ ဘဲ အသက်ဆက်ရှင်တော့မှာ "

" ချစ်တယ် ကိုယ့်ရဲ့ ကမ္ဘာလေးရယ် "

တဖတ်သို့စောင်းကာ ပါးလေးတွေ အိကျနေအောင် အိပ်နေတဲ့ ကလေးငယ်ကတော့ သူ့စကားတွေကို ကြားမယ်မထင်ပါ..။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now