Uni....
တစ်ပတ်ခန့်အကြာ...,
" Daddy..... ဒီဂါဝန်လေး လှတယ်... "
" Daddy ဒီကို လာကြည့်ပါအုံး ဖိနပ် ပိစိလေးတွေရယ်"
" Daddy ဒီမှာရော... Daddy ရယ် လိုချင်လိုက်တာ "
" Daddy... ဟိုပေါ်က အရုပ်ကြီး လိုချင်တယ် "
ဗိုက်ဗိုက်လေး အတွက် လိုအပ်တာတွေ ဝယ်ဖို့ Zပိုင်သည့် ကုန်တိုက်ကို ထွက်လာခဲ့တယ်..... သာလိကာလေး ခေါ်လားသလား အောင်းမေ့ရတယ် လက်ညိုးထိုးကာ လိုချင်တာတွေပြောနေတဲ့ပေါက်စ
Z ဘေးနား နှုတ်ခမ်းလေး စူကာ မရိုးနိုင်တဲ့ စကားတွေ ပြောနေတာ.... ဗိုက်ဗိုက်လေးက အနည်းငယ်ထွက်လာပြီမို့.... အင်္ကျီပွပွ ဘောင်းဘီ ပွပွ တွေသာ ကလေးပေါက်ဝတ်သည်....
ဗိုက်ထဲ က အပင်ပေါက်လေးကတော့ မိန်းကလေးလား ယောက်ကျားလေးလား မသိပေမဲ့ Babe ပေါက်စကတော့ မိန်းကလေး အသုံးအဆောင်တွေ ရွေးဝယ်နေတာ...
ထွက်လာတဲ့ ချီးထုပ်လေးက ယောက်ကျားလေး ဆိုလို့ ကတော့ ... တွေးရင်းနဲ့တောင် ရီချင်သည်...
သူကတော့ လိုချင်တာတွေ လက်ညိုးတစ်ချောင်းနဲ့ ဟိုထိုးဒီထိုး.... ကိုယ်ကတော့ black card ကြီးကိုင်ပြီး လိုက်ရှင်းလိုက်..... အထုပ်တွေ ဆွဲလိုက်နဲ့ ဟုတ်နေတာ...
သူကြိုက်တဲ့ ကားစက်ရုပ်ဆိုလား ဘာလား ကလေးတွေ ကစားတဲ့ဟာဘဲ ကိုယ်လဲ မသိ.... အဲ့ဒါကြီး ပိုက်ပြီး အရှေ့က ကော့တော့ကော့တော့နဲ့..သွားနေတာ.....လူကိုယ်တောင်မစောင့်....
တစ်နေရာ ရောက်တော့....မိန်းကလေးတစ်စု.... ကျောင်းသူအရွယ်လေးတွေထင်ပါရဲ့..... ကိုယ့်ကိုလာကြည့်နေကြတာ..... အခုခေတ် ကလေးတွေကတော့... ဒီလိုပါဘဲလေ...
ဒါကို ကလေးပေါက်စက သဝန်တွေ တိုနေတာ........ ရုပ်က ခွေးသေးသေးလေးတွေ စိတ်တိုရင် စွာတဲ့ ပုံနဲ့... တပုံတည်း
အရှေ့က သွားတဲ့ပေါက်စက ထိုမိန်းကလေးအုပ်စုရှေ့ရောက်မှ....
" ယောက်ကျားရေ.... "
ဆိုပြီးလှမ်းခေါ်တာ.... ဒီကောင်လေးက လူတွေ့ရှေ့ဆို သူ့အပိုင်ဆိုပြီးကြွားချင်သေးတာ.... ချစ်စရာလေး....

ŞİMDİ OKUDUĞUN
Mr.Z..../ S1 ( Z &U )Complete
Romantizmကိုယ့်ရဲ့ အရာရာ မင်းဘဲဖြစ်စေရမယ်...... ကိုယ့်ရဲ့အရာရာ မင်းဘဲဖြစ်စေရမယ်....