Ep-47

12.7K 815 67
                                    

Unicord....

နှစ်တွေ အလီလီပြောင်းလာခဲ့တာ အခုဆို နိုင်းနိုင်းလေးတောင် 8နှစ်ကျော် 9 နှစ်ထဲရောက်ပြီလေ...Z9ကမ္ဘာတည်က သူ့အဖေခြေရာနင်းမဲ့ကောင်.....စကားပြောပုံဆိုပုံ အကျင့်စရိုက်က Mr.Z အတိုင်း...

Z9ကမ္ဘာတည် ဉာဏ်ကောင်းချက်ကတော့ Mr.Z ပါလက်လန်သည်....international school မှာထားတာမို့ အင်္ဂလိပ်စကားပြောတာများသည် သူ့Dad နဲ့တွေ့ရင် အင်္ဂလိပ်ပြောပြီး ပါးပါးပေါက်စနဲ့ဆိုရင်တော့ မြန်မာစကားပြောသည် အခုလဲ Mr.Z က သူကိုယ်တိုင် ပြင်သစ်စကားသင်ပေးနေသည်။

အသက်ကြီးလာရင် ဒီအဖွဲ့အစည်းကို သူဘဲ ဦးဆောင်ကမှာမို့ ဒီအရွယ်ထဲက လေ့ကျင့်သင်ကြားပေးသည်..... Z9ကမ္ဘာတည်က Table Tennis ရိုက် ကတာ အရမ်းသဘောကျသည်။

အားရင် သူ့Dad ရဲ့ အားကစားရုံမှာ မင်းဉာဏ်နှင့် နောင်တံခွန်ကိုခေါ်ကာTable tennis သွားရိုက်တက်သေးသည်။
.
.
.
.
.
.
.

မိုးလင်းထဲက လင်ပျောက်ရှာနေတဲ့ ခွေးပေါက်စ..... ညက သူ့Daddy ဝတ်ပေးထားတဲ့....... အပေါ်အောက်ဝမ်းဆက် ခွေးပေါက် အင်္ကျီလေးနဲ့..... ရုပ်ကလဲ အိပ်ချင်မူးတူး... ဆံပင်တွေကလဲ ဒိုးဒိုးထောင်ထောင်နဲ့...... ဒီကလေး အိပ်ရေးမဝသေးဘူးနဲ့ တူပါရဲ့......

အပင်ပေါက်ကိုသာ မွေးပြီးတယ်.... အခုထိ သူ့Daddy ဆီမှာ ကလေးတစ်ယောက်လိုနေတုန်း....

အရင်ကဆို Daddy က သားသား ကို နှုတ်ခမ်းလေးနဲ့ နမ်းပြီးနှိုးတာ..... ဘေဇင်ပေါ်လဲ ချီတင်ပေးတယ်... မျက်နှာလဲသစ်ပေးတယ်....သွားမကျိုးအောင်တဲ့... သွားလဲ တိုက်ပေးတယ်....အခုတော့Daddy ကသားသားမသိအောင်..... အစောကြီးထထွက်သွားတယ်....Daddy ကဆိုးတယ် မလိမ္မာဘူး...

အဲ့Daddy ဘယ်ရောက်သွားပြန်တာလဲ... ဟွန်းးးးတွေ့မှ ဒုတ်နဲ့ရိုက်မယ်....

" ကြီးကြီးချို Daddy ကော...... "

လူကဘယ်နားလဲ မသိ.... အသံကတော့ စံအိမ်တစ်ခုလုံးကြားရလောက်တယ်... အခုလဲ အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းကာအသံပြဲကြီးနဲ့အော်မေးနေတာ။

" မသိပါဘူး သခင်လေး...... ဒေါ်ချို လဲ မီးဖိုချောင်အလုပ်ရှုပ်နေတာ... သခင်လေး... "

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now