Uni.....
Z ညလည်လောက်ရောက်တော့ ကလေးငယ်ကို သန့်ရှင်းရေးလုပ်ပေးကာ သူကိုယ်တိုင်လဲ ရေချိုးလိုက်သည်.... ကလေးငယ်ကိုတော့ Zရဲ့ အားကစားအင်္ကျီဝတ်ပေးလိုက်ပြီး...
Z ကတော့ သူနဲ့တွဲရက်ဖြစ်တဲ့ ဘောင်းဘီကို ကောက်ဝတ်ကာကလေးငယ်ဘေးနားဝင်လှဲလိုက်သည်....... Z ရဲ့အားကစား အင်္ကျီက ဒီကလေးငယ်နဲ့ဆို ပေါင်လောက်တော့ရောက်မည်...။
( အော် လင်လင်တွေများ အားကစား ဝတ်စုံကိုတောင် တယောက်တဝက်ဝတ်ကြတယ် လူတွေရယ်😞)
ဘယ်လောက် အိပ်ပုတ်ကြီးတဲ့ ကလေးလဲဆိုရင်...သန့်ရှင်းရေး လုပ်ပေးနေတာတောင် တစ်စက်မှမနိုး အိပ်မြဲတိုင်းသာ......
တစ်ဖက်သို့စောင်းရင်း ပါးလေးတွေ အိကျနေအောင် အိပ်တက်တဲ့အကောင်ပေါက်လေး.... Z အိပ်နေတာတောင် ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးလေးကို သူတစ်ညလုံး ထိုင်ကြည့်နေမိတယ်.....
တခါတလေ အိပ်ရင်းယောင်ကာ.. Daddy ရေတဲ့..... ကဲကြည့် ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ....
Z သူ့ရဲ့ချစ်မဝလေးကိုကြည့်ရင်း ညတုန်းက အဖြစ်ပျက်ကြောင့် ကလေးငယ်ရဲ့ လည်ပင်းနား ညိုမဲရာတောင်စွဲနေပြီ... သူတကယ်စိတ်လွှတ်သွားသည်....
ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်..... ကလေးငယ်သာ သူ့ကိုထားသွားရင် ဆိုတဲ့အတွေးနဲ့.....မဟာမှိုင်းစကားတွေကြောင့် သူ့စိတ်ထဲ အပူမီးတွေလောင်မြိုက်ကာ ဒီကလေးလေးကိုပါ မီးဟက်စေသည်အထိ....
နောက်တော့ ဆေးသေတ္တာထဲက လိမ်းဆေးလေးယူကာ... ကလေးငယ်ရဲ့ လည်ပင်းကို လိမ်းပေးရင်း... နောက်သူ့စိတ်အခြေအနေကြောင့် ဒီကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုပါ ဒုက္ခပေးမိမလား ဆိုတဲ့စိတ်နဲ့ စိုးရိမ်စိတ်များစွာဖြင့်...
.
.
.
.
.
.မနက် 9 နာရီ..,
" အင့်....ဟင့်....."
နေရောင်ခြည်နုနုလွင်လွင်လေးက မိုးသား မျက်နှာပေါ် တိုက်ရိုက်ကျရောက်လာတာကြောင့်... အိပ်ချင်မူးတူးဖြင့် မျက်မှောင်လေးကျုံကာ.... ညည်းနေသေးသည်....
" အချစ်ကလေး... ဆက်အိပ်ရင်ခေါင်းကိုက်လိမ့်မယ် ထတော့လေ "
သူ့Daddy အသံကြားတော့မှ မျက်လုံးလေး ဖြေးဖြေးချင်း ဖွင့်လာတယ်တဲ့ ကလေးပေါက်...
أنت تقرأ
Mr.Z..../ S1 ( Z &U )Complete