Ep-42

15.1K 860 100
                                    

Unicord

ဒီနေ့ ကိုကို နှင့်အတူ မြူနှင်းရဲ့ ကလေးကို ကြည့်ဖို့ ထွက်လာခဲ့တယ်.... တစ်လမ်းလုံး ကိုကို ရဲ့ မျက်နှာ မှိုင် နေတာမို့..... မင်းဉာဏ်လဲ စိတ်မကောင်း...

ဆေးရုံ ရောက်တော့ ကားရပ်ကာ.... ကိုကိုရဲ့ လက်ကို မြဲ နေအောင် စုပ်ကိုင်ပြီး ဆေးရုံထဲ ဝင်လာခဲ့တယ်....မှိုင်နေတဲ့ ကိုကိုဟာလေ.... သူရှေ့ဆို...အားတင်းပြီး ပြုံးပြသေး......

" ရောက်လာကြပြီလား.... "

ပိုက်ဆံက အစွမ်းက အရမ်းသိသာတာ.... အခုလဲ ကြည့် ဖော်ရွေနေတာ.... မင်းဉာဏ်တို့ ကလေးအတွက် ကုန်ကျစရိတ် အကုန်တာဝန်ယူထားတာမို့.....  ကလေးကို  သေချာဂရုစိုက်ပေးထားကြသည်။

" ဟုတ်ကဲ့.... ကလေးကို လာကြည့်တာပါ "
ရှင်းသန့်နောင်ပြောတော့

" ဒီဘက်မှာပါ..... "

Nurse မ ရဲ့ ညွှန်ကြားတဲ့ အတိုင်း သူမနောက်လိုက်သွားတော့.... ကလေးငယ်တွေ ကို သီးသန့်ထည့်ထားတဲ့ အခန်းလေး တစ်ခန်းဆီ...

အထဲကို ဝင်ကြည့်လို့မရတာကြောင့်.... ပြတင်းပေါက်မှန်လေးကသာကြည့်နေရသည်....။

ဖန် အိမ်လေး ထဲက ကလေးလေး.... ဒါ မြူနှင်းကလေးဘဲ ဖြစ်ရမယ်..... ကြည့်ပါအုံး အခုမှနီတာရဲလေး..... အိပ်နေတာလေးက အူယားဖို့ကောင်းလိုက်တာ....

မင်းဉာဏ် လဲ မိဘ မဲ့တစ်ယောက်မို့..... သူ နားလည်သည်.... မိဘတွေမရှိတဲ့ ဘဝဟာ သုမ္ဒရာထဲ လွင့်မျောနေတဲ့ လှော်တပ်မပါတဲ့ လှေတစ်စင်းလိုဘဲ... မုန်တိုင်းဒဏ်....တွေကို.... ကြိတ်မှိတ်ပြီး အလူးအလဲခံစားခဲ့ရတာ.....

ဒီကလေးလေးကကော ? သူတို့သာ ဒီကလေးလေးကို မမွေးစားရင်  သူလို့ မိဘမဲ့တစ်ယောက်ဖြစ်သွားမှာလား? သူလို  လမ်းဘေးမှာ ပေတေဆိုးသွင်းတဲ့ကောင် ဖြစ်လာမှာလား ?

" ကိုကို........ "

မင်းဉာဏ် အသံလေးထဲ ဝမ်းနည်းတဲ့အရိပ်ယောင်လေး တချို့ကြောင့်.... ကိုယ့်မှာ ပြာပြာသလဲ....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now