Ep-33

18.5K 1K 42
                                    

" ကိုယ်တို့ လက်ထပ်ရအောင် "

မယုံနိုင်စရာ စကားကို ဦးမှိုင်းမှ ဆိုလာတယ်.... တကယ်ကြီး.... တကယ်ကြီး...ဦးမှိုင်း....သူချစ်တဲ့ ဦးမဟာမှိုင်း ကြီးက သူ့ကိုလက်ထပ်မှာတဲ့..... အားးးး ရင်တွေ ခုန်လိုက်တာ....

ဒါအိမ်မက်မဖြစ်ပါစေနဲ့လို့.... အကြိမ်ကြိမ် ဆုတောင်းမိတယ်....

" ကိုယ့်ကိုလက်ထပ်ပါနိုင်မလား ငယ် "

Yan ပါးစပ်အဟောင်းသားလေးနဲ့ ဘာဆက်ပြောရမှန်းမသိ.... သူပျော်သည်...သေလောက်အောင်ပျော်ရွှင်သည်..... သူမျှော်မှန်းခဲ့ဖူးသည့်.... အိမ်မက်လေးအခုတော့ ဖြစ်လာပြီ..... မျက်ရည်တောင် ကျမိသည်....

" ကိုယ်တို့အချစ်တွေကို တစ်ကနေပြန်စခွင့်ပြုပါနော် "

"...... "
​ပြောမပြတက်အောင်ကိုဘဲ ပျော်လွန်းလို့ ငိုနေရသည်။

"  ငိုနေတယ်.... အဟားးအခုမှဘဲ ဂျစ်တူးရုပ်လေးနဲ့တူသွားတော့တယ် "

ငိုနေတဲ့ ကောင်လေးဟာ ကလေးလေးတစ်ယောက်လို.... ချစ်လိုက်တာ ကိုယ့်ရဲ့ ရှင်သန်ခြင်းလေး

" ဘာဂျစ်တူးလဲ  ဦးမှိုင်းနော် "

ဂျစ်တူးလေးက စွာလိုက်တာ...

" ကိုယ့်ကို လက်ထပ်မယ်မှတ်လားငယ် "
ဦးမှိုင်းပြန်မေးတော့

" အင်... ဦးမှိုင်းကို လက်ထပ်မယ် "

မျက်ရည်တွေကြားထဲ က ခေါင်းတဆက်ဆက်ငြိမ့်နေတဲ့ ကောင်လေးကိူ ချစ်လွန်းလို့ တင်းကျပ်နေအောင်ဖတ်ထားလိုက်သည်..။

ထိုညက ကောင်လေး ၂ယောက် ပျော်ရွှင်စွာဇာတ်သိမ်းခဲ့ လေသည်ပေါ့....

.
.
.
.
.
.
.
.

" ဦးမှိုင်း~~ပင်ပန်း နေပြီလား..... "

ငယ်တောင်ရောက်ပြီဘဲ အချိန်ကို ကြည့်တော့ ဟုတ်ပါရဲ့ နေ့လည်စာ စားရမည့် အချိန်တောင်ရောက်ပြီနေ.... ကိုယ်လဲ စစ်လက်စ စာရင်းစာအုပ်ကို ပိတ်ကာ.... ချစ်ရတဲ့ ငယ်အနားသို့.....

Yan နဲ့ ဦးမှိုင်း နားလည်မှုတွေ ရသွားပြီနောက်.... Yan ဦးမှိုင်းနဲ့ အတူ.... စံအိမ်မှာဘဲ လိုက်နေဖြစ်တယ်..... အခုတော့ 1 လကျော်ကျော် ပစ်ထားခဲ့တဲ့ အလုပ်တွေကို အတိုးချလုပ်နေရတော့သည်။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now