Ep-10

23.2K 1.4K 12
                                    

Uni...

" ကြီးကြီး ဆန်ပြုတ်လုပ်ပေးပါလား "

မိုးသား မီးဖိုဆောင် ဆီသွားကာ ထမင်းချက် ဒေါ်ချိုဆီမှာ သူ့ လူကြီး အတွက် ဆန်ပြုတ် ပြုတ်ခိုင်းနေသည်...

" သားလေး သောက်ဖို့ အတွက်လား "

" မဟုတ်ပါဘူး လူကြီး နေမကောင်းလို့ ဆန်ပြုတ်နဲ့ ဆေးလေး တိုက်ချင်လို့ပါ "

မိုးသား စကားကြားတော့ဒေါ်ချို လန့်သွားသည်..... ဘာလို့လဲဆိုတော့ Zက ဆန်ပြုတ်ဆို သေလောက်အောင်မုန်းသော အစားအစာ တစ်ခုပင်....

" မဖြစ်ဘူးနဲ့ တူတယ် သားလေးရယ် "

သူလေးကတော့ မီးမွှေးပြန်ပြီ Z ရဲ့ အမုန်းဆုံးအစားအစာကို ဒီကလေးမို့ကွယ် ဒေါ်ချို တွေးရင်းခေါင်းကြိမ်းမိနေတယ်....

" ရပါတယ် ဖြစ်ပါတယ် သားကျွေးမယ် ကြီးချို လုပ်ပေးနော် ...နော်....နော် "

ဒီကလေးရဲ့ ချွဲနေတဲ့ ပုံစံလေးကြောင့် ကြီးချိုအရေပျော်ရ ပြန်သည်..... မငြင်းရက်တဲ့ အဆုံး ခေါင်းသာငြိမ့်ပေးလိုက်ရသည်......

" ဟူးးးး သားလေးရယ် ခက်တော့ခက်ပြီ....... အေးပါ ကြီးချိုလုပ်ပေးထားမယ် "

" ဟုတ်ကဲ့ ..... "

ပြောပြီး လစ်လစ် လစ်လစ်နဲ့ Z အခန်းဆီ ပြေး၀င်လာပြန်တယ် .....

" လူကြီး... "

" ကဲ ကလေး ဒီနေ့မျက်နှာသစ်ဖို့ အစီစဥ်ရှိလား "

Z ရဲ့ ရယ်ကျဲကျဲ အမေးကြောင့် သွားလေးစိကာ မချိုမချဥ်နဲ့ ပြုံးပြလာတဲ့ ကလေးငယ်...... ပြီးတော့ ရေးချိုခန်းထဲကို လှစ်ခနဲ ၀င်သွားပြန်တယ်..... သူလေးနောက်ကိုတော့Z အရိပ်လိုဘဲ လိုက်ကြည့်နေရတယ်.... တကယ့် ကလေးပေါက်စ..... ဟောကြည့် ရေချိုးခန်း ဘေဇင်က သူ့အရပ်နဲ့ မမှီတော့ ခုန်ဆွခုန်ဆွနဲ့ သွားတိုက်တံ ကိုလှမ်းယူနေတာ.... Z ခမျာ ရီချင်လွန်းလို့ အောင့်ထားရသည်.....

" အင့်..... ကျေးဇူးဘဲ လူကြီး " ခုန်ဆွခုန်ဆွ လုပ်နေတဲ့ ကလေးငယ်ကို Z ကြည့်ပြီး မနေနိုင်တော့ဘဲ ဂျိုင်းမှ မကာ.... ဘေဇင်ဘေးက ကြွေပြားပေါ်တင်ပေးလိုက်သည်..... ဒါကိုဒင်းလေးက သူမဟုတ်သလိုနဲ့ ကျေးဇူးတောင် တင်လိုက်သေး.... သူလေးနဲ့ အခုလို ရှိနေချိန်တွေဆို ကြည့်နူးမိသည်.....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now