Ep-6

26.2K 1.7K 21
                                    

Uni....

" လူကြီး လူကြီး.... "

လူမရောက်ခင် အသံဆာဆာလေး နဲ့ ကလေးငယ် ...... သူကို အမြဲ လိုလို ' လူကြီး ' လို့သာ ခေါ်သည်..... အခုလဲ ကြည့်အပေါ်တက်လာပြီ... ဒီအကောင်ပေါက် ဘာတွေမေးမြန်းစစ်ဆေးအုံးမလဲမသိ....

အခုဆို Z နဲ့ မိုးသားနဲ့ ခင်တာ 1 ပတ်နီးပါးရှိပြီ.... ဘဘကြီးကတော့ Z လိုမျိုးနဲ့ မပတ်သက်မို့မှာထားပါပေမဲ့ မိုးသားကတော့ Z ကိုဆို အတော်လေး ခင်ပုံရသည်...

အခုလဲကြည့် Z ရဲ့ အခန်းကို.... ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာ.... ဒီအကောင်ပေါက်စလေးတစ်ယောက်ဘဲရှိတယ်... တကယ်ပါ အရင်ကဆို...Z ဆို အရမ်းကြောက်တက်တဲ့ မိုးသား...အခုတော့.... လူကြီး လူကြီးနဲ့ ညာစားနေတာ.... ချစ်မွှေးပါတဲ့ ပေါက်စ...

" လူကြီး အပြင်သွားမို့လားဟင် " အပြင်သွားရန် နာရီပတ် နေရင်း ကလေးငယ်ပြောသံကြားတာကြောင့် သူလေးဘက်ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်...

" လူကြီးက အမြဲအပြင်ဘဲ သွားနေတယ်ရော် "

ဆူပုတ်ပုတ်လေး နဲ့ Z ကိုမျက်စောင်းလေးထိုးကာပြောလိုက်သေး.... ဘယ်သူမှ မော်မကြည့်ရဲတဲ့ Z လိုလူမျိုးကို ဒီကလေးငယ်သာလျှင် မျက်စောင်းထိုးနိုင်သည်...သူလေးမျက်စောင်းတစ်ချက်ကြောင့် Z ပြုံးပြီး ကလေးရှေ့ ဒူးတစ်ဖတ်ထောက်ထိုင်ကာ...

" ကိုယ် Party တက်စရာရှိတယ် "

သူလေးရဲ့ ဆံပင်အိအိလေးတွေကို ပွတ်ပေးကာပြောလိုက်သည်... ဘယ်သူရှေ့မှာ မှZ  ဒီလို နူးညံမှုမျိုးမပြဘူးပေ... Z စိတ်ထင် ကလေးငယ်သာလျှင် သူ့အတွက် ပထမဆုံးဖြစ်မည်...။

" မနေ့က လို နောက်မကျပါနဲ့လားဟင်.... သားက လူကြီးကို မျှော်နေတာ "

ကလေးက ကိုယ့်ကို မျှော်နေတာတဲ့လား ?.... မင်းလေးက အရူးလေးဘဲ.... ကိုယ့်လို ကောင်မျိုးကို....အဟက်!....အရူးလေး....

ကလေးငယ်ရဲ့ မျှော်နေတာ ဆိုတဲ့ အသံလေးကြောင့် Z ကြည်နူးမိတာအမှန်..... အရင်က...တစ်ယောက်ထဲ အထီးကျန်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာထဲ..... ဒီကလေးငယ်ကြောင့် ဘယ်နကြိမ်မှန်းမသိအောင်...ပျော်ရွှင်ခဲ့ဖူးသည်....။

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now