Ep-26

19.7K 1K 21
                                    

Uni...

" Daddy သားလဲ လိုက်မယ် သားလဲ လိုက်ချင်တယ် လို့ ~~~~ "

ခရီးထွက်နေချိန် ကုမ္ပဏီ အတွက်လစ်ဟာချက်တွေ မရှိအောင် Z  စီစဥ်စရာရှိတာတွေ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတုန်း ဘေးမှာ လာအီနေတဲ့ ခွေးပေါက်လေး....

" မလိုက်ပါနဲ့ Babe ရာ "

" သားကို မခေါ်ချင်ဘူးလားဟင့်~~~ သားကို ချစ်တော့ဘူးလား အင့်~~~ သားကို~~~"

တွေ့လား တွေ့လား ကိုယ်က ဘာမှ မပြောရသေးဘူး သူလေးက ပြိုတော့မဲ့ မိုးလို့ မျက်နှာလေး ရှုတ်မဲ့ သွားပြီ.... ဘူးသီးလုံးလောက်ရှိတဲ့ မျက်ရည်တွေ ကျတော့မယ်...

" ဟာ..... မဟုတ်ပါဘူးကွာ Daddy က အချစ်ကို ဘာလိူ့ မချစ်ကမှာလဲ... ချစ်တာပေါ့ လာပါအုံးdaddy ဆီ "

ထိုအခါမှ လူပေါ် မျောက်လေးတစ်ကောင်လို ကုတ်ကပ် တက်ခါ..။

Z ကလေးငယ် ဆံပင် အိအိ လေးတွေကို သက်တင်ပေးရင်း ကျောလေးကို ပွတ်ပေးကာ...

" အချစ်လေး နောက်ခါ အဲ့လို မတွေးရဘူးနော် Daddy က အချစ်ကို ဘယ်လောက်ချစ်မှန်းသိတယ်မှတ်လား "

Zပြောတော့  ရင်ခွင်ထဲက လုံးလုံးလေးက ခေါင်းလေး ငြိမ့်ပြတယ်.....

" သားက Daddy ချစ်တော့ဘူး ထင်ပြီး ဝမ်းနည်းသွားတာ "

အောက်နှုတ်ခမ်းလေးကိုကိုက်ကာ ချွဲနေလေရဲ့......

" Daddy က ဟိုမှာ အလုပ်တွေ ရှုပ်နေမှာ အချစ်ကလေးရဲ့ အဲ့ကြောင့်မို့ပါ  အလုပ်တွေပြီးရင်Daddy ကလေးလေးနဲ့ ခရီးထွက်မယ် သိလား အချစ်ကလေး "

Z ပြောတော့ လူကို တကယ်လားဆိုတဲ့ဟန်ဖြင့် မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်...

" ဒါဆို သားလိုက်တော့ဘူး... မြန်မြန် ပြန်လာခဲ့နော်..... သားDaddy ကို လွမ်းနေမှာ သိလား "

ကလေးပေါက် တော်ကီတွေနဲ့ ခြွေနေတာ....

" အာ.... ဘယ်သူ ကလေးလဲကွာ လိမ္မာလိုက်တာ"

ဖောင်းနေတဲ့ ပါးအိအိလေး တွေ ကို ငုံနမ်းကာ စကားဆိုလိုက်သည်....

" ခစ်~~ ခစ်~~~ ခစ်~~ ယောက်ကျား ကလေးလေး ဟီးးဟီးး "

ဟာ ​ ဒီလူကြိမ်းကြီး အသဲကိုတော့ ခြွေ ပြန်ပြီ ကွာ.....

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now