Ep-38

15.7K 931 40
                                    


Uni....

ညနေရောက်တော့.. ကလေးငယ်ကို...အစာကျွေးကာ ဆေးတိုက်ထားတာမို့... ဆေးအရှိန်နဲ့ ကလေးငယ်.... ပြန်အိပ်ပျော်သွားသည်.... Z တစ်ယောက် ကလေးငယ်နေမကောင်းတော့ အရူးတစ်ပိုင်းလို...

ဆံပင်တွေကလဲ ရှုပ်ပွလို့.... ရှက်အင်္ကျီအဖြူ လက်ရှည်မှာလဲ သွေးတွေဟာ မြင်မကောင်း ....... ကုတင်ခြေရင်းလေးကနေ..... သူ့ကလေးငယ်ကို ငေးငေးငိုင်ငိုင်လေး လှမ်းကြည့်နေတာ.....သူ့ခန္ဓာကိုယ်က ဒဏ်ရာ ဒဏ်ချက်တွေကို ဂရုမစိုက်အောင်ထိ..... ဒီကလေးငယ်ကို စိတ်ပူသည်....။

" သခင်ကြီး ဒဏ်ရာ ဆေးထည့်လိုက်ပါလား "

အိမ်တော်ထိန်း အရဲစွန့်ပြီး ပြောလိုက်သည်... မဟုတ်ရင် သခင်ကြီးပါ လှဲသွားမှာ..... လက်ကို ဓားနဲ့ လှီးထားတဲ့ နေရာမှ သွေးတွေ မတိတ်ဘဲ စီးစီးကျနေတယ်....

" Babe လေးလေ ..... အီးးဟီးး....Babe လေး က အလုပ်မသွားဖို့ တားတယ်.... ဒီလို ဒီလို အင်္ကျီလေး ကို ဆွဲပြီး တားတယ်..... ဒါပေမဲ့လေ... ကျွန်တော်က ကလေးလေးကို အော်လိုက်မိတယ်.... ဒီ ပါးစပ် ဖြောင်း! ဖြောင်း! ဒီပါးစပ်က ကလေးငယ်ကို အော်လိုက်တာ အားးးး "

အိမ်တော်ထိန်းကိုတောင် ကလေးငယ် သူ့အင်္ကျီစလေးကို ဆွဲတဲ့ ပုံစံ ကို အရူးတစ်ယောက်လို အမူအယာတွေ လုပ်ပြရင်းပြောနေတာ.....

ကလေးငယ်ကို အော်ခဲ့တဲ့ ပါးစပ်ကိုလဲ သူ့ကိုသူ အပစ်ပေးတဲ့ အနေနဲ့ကိုယ့်ပါးကို ပြန်ရိုက်နေတာ......
သခင်ကြီး ပုံကြည့်ပြီး အိမ်က အလုပ်သမားတွေ သနားလွန်းလို့ .... မျက်ရည်တောင်ကျမိသည်....

သခင်ကြီး Z ကလေ..... သခင်လေးပေါ်ဆို အရူးအမူး..... တခြားနေရာတွေမှာသာ...ရက်စက်ကြမ်းကြုတ်တက်ပေမဲ့..... သခင်လေးအပေါ်ဆို.... အလိုလို နူးညံသွားတက်တာ.... သခင်ကြီးလို အချစ်က ရှိချင်ရှိမယ် ရှားတယ်....

" ငါ့ကလေးလေး.. ငါ့ကြောင့် အီးးးဟီးးးးး ငါ့ကြောင့် ငါစောက်သုံးမကျလို့..... "

သခင်ကြီးရဲ့ ပုံစံ အချစ်ရူးတစ်ယောက်လုံးလုံး ဖြစ်နေပြီ.....

ထိုချိန်.. Z ရဲ့ တပည့်ဖြစ်သူ....

" Boss ... Hotel က မှတ်တမ်းတွေပါ..... သခင်လေးနဲ့.... ပျိုသေချာပေါက် တစ်ခုခု ဖြစ်ခဲ့ပုံပါ "

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now