Chapter 3 _ မှန်တစ်ချပ်

2.1K 436 37
                                    


(Unicode)

သူ့အိမ်ရှေ့သို့ ရောက်လာသည့် ကောင်မလေး၏ အမည်မှာ ဖလီကာ ဖြစ်သည်။ အညိုရောင် ကျစ်ဆံမြီးကျစ် ဆံပင်နှင့် မျက်နှာပေါ်တွင် မှဲ့ခြောက်များရှိသော ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်ခန့် အရွယ် ကောင်မလေးတစ်ယောက်ဖြစ်၏။

ရှင်ယဲ့ ဖလီကာကို မြင်လိုက်သည့်အချိန်တွင် ဖလီကာ၏ ဇာတ်ကောင်မိတ်ဆက်အကြောင်းအရာကို သူ့စိတ်ထဲတွင် ကြားလိုက်ရသည်။ သူ အဖြူအနက် လက်ကောက်ကို မျက်လုံးထောင့်ကနေ ဖျက်ကနဲ လှမ်းကြည့်လိုက်ရာ ထွင်း‌ဖောက်မြင်နေရသည့် ပုံသဏ္ဌာန်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ထိုသို့ဆိုလျှင် NPCတွေက လက်ကောက်ကို မြင်ခွင့်မရှိတာဖြစ်မည်။

ရှင်ယဲ့တစ်ယောက်တည်းသာ မြင်နိုင်သည့် စာကြောင်းများက လက်ကောက်ပေါ်တွင် ပေါ်လာသည်။

'ဇာတ်အိမ်မှာ အလိုအလျောက် အဆင့်မြှင့်တင်သွားပါသည်။'

အဲ့လိုဆို အနည်းဆုံးတော့၊ Systemက သူ့ကို နာမည်တွေ ပေးသိခွင့်မပေးအောင်အထိ မဆိုးသေးပေ။ သူ့‌ရှေ့မှာ ကလယ်ရာနဲ့ သိနေတဲ့သူတွေပေါ်လာရင် Systemက အခြေခံအချက်အလက်တွေကို ပြောပြမှာဖြစ်သည်။

အခြေခံကျလွန်းသည့် နာမည်တစ်ခုပင်ဖြစ်၏။

ရှင်ယဲ့ သူ့ထက် အရပ်တော်တော်ပုသည့် ဖလီယာကို ငုံ့ကြည့်လိုက်သည်။ သူမက အဝတ်များဖြင့် ပြည့်နေသည့် သစ်သားဇလုံကြီးကို ကိုင်ထားလေသည်။ သူမ၏ အရပ်ကြောင့် သစ်သားဇလုံကြီးကို ကိုင်ထားရသည်မှာ တော်တော်လေးခက်ခဲနေပုံရသည်။ ရှင်ယဲ့ လက်တစ်ဖက်တည်းနှင့် သစ်သားဇလုံကို ယူကာ သယ်ပေးလိုက်သည်။

ဖလီယာ၏ မျက်နှာမှာ ရှက်သွေးဖြာသွားပြီး ရှင်ယဲ့၏ လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် သူ့လက်မောင်းပေါ်တွင် မျက်နှာကို အပ်ထားကာ ချစ်စရာအသံဖြင့် ပြောလိုက်လေသည်။

"ကလယ်ယာ၊ နင်က တကယ် အကောင်းဆုံးပဲ"

ရှင်ယဲ့ အလုပ်ကိစ္စကြောင့်သာ မိန်းကလေးများနှင့် ပြောဆိုဆက်ဆံဖူးလေသည်။ ထိုကဲ့သို့ ရင်းနှီးနှီး ထိတွေ့ဖူးခြင်းမရှိသောကြောင့် ထိုအပြုအမူက ရှင်ယဲ့ကို နည်းနည်း စိတ်မသက်မသာဖြစ်စေသည်။ ဒါပေမဲ့ သူ့ကို တစ်ခုခုထူးဆန်းနေသည်ဟု ထင်သွားလို့ မဖြစ်တာကြောင့် သည်းခံဖို့ကြိုးစားလိုက်ကာ ဖလီယာကို အဝေးသို့ တွန်းမပစ်လိုက်ပေ။

High Energy QR Code [ Myanmar translation ]Opowieści tętniące życiem. Odkryj je teraz