Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း

1.2K 300 9
                                    

    

(Unicode)

မှန်ကို ကယ်တင်ပေးချင်ပါက၊ အရင်ဦးဆုံး အဆင့်မြင့်ကစားသူဖြစ်လာမှ ရမည်ဖြစ်သည်။ ထိုမှသာ System၏ နက်ရှိုင်းသော အမှန်တရားများကို ထိတွေ့နိုင်မှာပင်။

သို့စေကာမူ အလျင်လို၍မဖြစ်ပေ။ စိတ်မရှည်ခဲ့လျှင် System ၏ ထိန်းချုပ်မှုကို ခံသွားရနိုင်လေသည်။ အစီအစဉ်တကျလုပ်ခြင်းကသာ အကောင်းဆုံးပင်ဖြစ်၏။

ကစားသူများအား လက်ဦးမှုပြု၍ အမဲလိုက်စရာလည်း မလိုပေ။ အုပ်စုနှစ်ခုက အချင်းချင်း တိုက်ခိုက်နေသည့်အချိန်၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ်ကိုယ် ကာကွယ်ရမည့်အချိန်များ၌ လှုပ်ရှား၍ ရနိုင်လေသည်။ သို့သော် ပွိုင့်လေးတစ်ထောင်လောက်အတွက်နှင့် လှုပ်ရှားသည်မှာ ရှင်ယဲ့၏ ပုံစံမဟုတ်ချေ။ အခြေခံကျင့်ဝတ်အား ဖောက်ဖျက်မည် မဟုတ်ဘဲ ထိန်းသိမ်းထားမည်သာပင်။

အဓိကအလေးပေးရမည့်အရာမှာ မိမိကိုယ်တိုင်၏ အင်အားကို တိုးတက်အောင် လုပ်ဖို့ရန်သာဖြစ်သည်။

မှန်နှင့် ပင်ပန်းလောက်သည့်အထိ စကားပြောပြီးနောက်၊ ရှင်ယဲ့ အိပ်ရာပေါ်၌ တစ်ရေးလောက် မှေးလိုက်လေ၏။ တစ်နာရီခန့် ကြာပြီးနောက်တွင်မူ၊ သူ၏ မျက်လုံးများကို ဖွင့်ကာ၊ စာရွက်နှင့် ဘောပင်အား ထုတ်လိုက်ပြီးနောက်၊ စားပွဲရှေ့တွင် ထိုင်လျက် QR code များအား လေ့ကျင့်ရေးဆွဲလေတော့သည်။

လေ့ကျင့်သည်မှာ စန္ဒရား 'ဝိညာဉ်တေးသွား' နှင့်အတူ ကွမ်းလင်လက်ထဲ၌ တွေ့ခဲ့သည့် QR code သုံးခုပင်ဖြစ်သည်။ ယခုလက်ရှိမှာတော့ သူတို့ အသုံးပြုနိုင်သည့်အရာဟူ၍ ဒီ QR code များသာ ရှိသေးလေ၏။

ရှင်ယဲ့ သူ့ကိုယ်သူ QR code တစ်ခုကို ၃၀စက္ကန့်အတွင်း ဆွဲနိုင်သည်ဟု ကြွားလုံးထုတ်ခဲ့သည်မှာ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။ အဆက်မပြတ်လေ့ကျင့်ခြင်းဖြင့် တည်ဆောက်ထားသည့် ရလဒ်သာဖြစ်သည်။ ထို့အပြင် ထို့ကဲ့သို့သော အမြန်နှုန်းအထိ ရောက်နိုင်ရန်အတွက် QR code တိုင်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ရန် လိုအပ်လေသည်။

ဒီလိုအမြန်နှုန်းနှင့်တောင် အများဆုံး သုံးရက်အတွင်းသာ ခံလိမ့်မည်။ သုံးရက်ကျော်သွားလျှင် မေ့ရန်လွယ်ကူလာပြီး၊ ရောထွေးသွားနိုင်သည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now