Chapter 46 _ အဆုံးသတ်ရလဒ်

1K 295 2
                                    


(Unicode)

အန်တီကျန်း အပေါ်ထပ်သို့ တက်သွားသည်နှင့်၊ ပိုင်ရွှိက ချောင်ချန့်ကို အရေးလုပ်ချင်စိတ်မရှိတော့ချေ။ သူမ၏ ခန္ဓာကိုယ်မှာ ချောင်ချန့်ဆီမှ အားကုန်သုံး၌ ဆွဲကိုင်ခံထားရတာကြောင့် အပေါ်ထပ်သို့ မတက်နိုင်ဖြစ်နေလေ၏။ ထိုအခါ စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ၊ ခေါင်းကိုလှည့်၍ အပေါ်ထပ်သို့သွားသည့် အန်တီကျန်းဆီသို့ ဦးတည်ကာ လျှာကြီးကို ထုတ်လိုက်လေတော့သည်။

ထိုရှည်လျားလှသော လျှာကြီးမှာ သီခွမ့်၏ လက်လောက်ကို သန်မာလေသည်။ သီခွမ့်၏ လက်မှာ အများဆုံး ၅မီတာအထိသာ ရှည်လျားပြီး၊ ဒီလျှာမှာတော့ ၁၀မီတာလောက်အထိကို ရှည်ထွက်နိုင်ကာ၊ ထို့ထက်ပင် ပို၍ရှည်ထွက်လာနိုင်ချေရှိလေသည်။

လျှာထိပ်က အပေါ်ထပ်သို့ အမောတကော ပြေးတက်နေသည့် အန်တီကျန်းအား ထိမိတော့မည်ကို မြင်လိုက်ရသည့်အချိန်၊ 'ဒုန်း' ဆိုသော အသံနှင့်အတူ၊ စန္ဒရားကြီးတစ်လုံးက လျှာပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာလေတော့သည်။

ရှင်ယဲ့ အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ခြင်းပင်ဖြစ်သည်။ သူ၏ ခွန်အားက မပြည့်မှီသော်လည်း၊ ဘေးကနေ၍ ချောင်ချန့်ကို ကူညီပေးနိုင်လေသည်။

ပိုင်ရွှိက ဒီနှစ်ယောက်ကို နိုင်အောင်မချဘဲနှင့် အန်တီကျန်းကို မှီအောင်မလိုက်နိုင်ဘူးဆိုတာကို နားလည်သွားသည့်အခါ၊ သူမက စန္ဒရားကို လျှာဖြင့် မလိုက်ပြီး၊ ခေါင်းကိုလှည့်ကာ ချောင်ချန့်နှင့် ရင်ဆိုင်လိုက်လေတော့သည်။ ထိုအချိန်တွင် ရှင်ယဲ့က အော်ပြောလိုက်၏:

"လွှတ်လိုက်တော့၊ သူ့ကို အပေါ်တက်ခွင့်ပေးလိုက်!"

ချောင်ချန့်က ဘာကြောင့်မှန်း နားမလည်သော်လည်း၊ သူမ ရှင်ယဲ့ကို အပြည့်အဝ ယုံကြည်သည်ကြောင့်၊ အလျင်အမြန်ပင် လက်ကို လွှတ်ပေးလိုက်လေ၏။

ချောင်ချန့်က လက်လွှတ်ပေးလိုက်သည်နှင့်၊ ပိုင်ရွှိ၏ ဧရာမပါးစပ်ကြီးမှာ လေဟာနယ်ကို ကြမ်းတမ်းစွာ ကိုက်မိလိုက်လေတော့သည်။

ချောင်ချန့်သာ အချိန်မှီ မလွှတ်ပေးခဲ့လျှင်၊ ထိုပါးစပ်ကြီးက သူမ၏ ခေါင်းကို နှစ်ပိုင်းပြတ်အောင် ကိုက်ဖြတ်လိုက်မှာဖြစ်သည်!

High Energy QR Code [ Myanmar translation ]Unde poveștirile trăiesc. Descoperă acum