Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ

1.9K 430 22
                                    


(Unicode)

ဘာတွေပဲဖြစ်ဖြစ် ရေနွေးနှင့် ရေချိုးရသည်ကတော့ ကောင်းသည်ပင်။

အခန်းမှာတော့ သိပ်မကျယ်လှပေ။ ရှင်ယဲ့ ထောင့်တစ်နေရာတိုင်းကို သေချာလိုက်ကြည့်ပြီး ဘယ်သူကမှ ချောင်းကြည့်မနေတာ သေချာသောအခါမှ အဝတ်များကို ချွတ်ပြီး ရေချိုးဇလုံထဲသို့ ဝင်သွားလေသည်။

မှန်မှာတော့ သူ့ရင်ဘတ်ကြားတွင် ညှပ်လျက်ရှိနေရာမှ၊ ‌သူရေစိမ်လိုက်သောအချိန်တွင် ရေဇလုံအောက်ခြေထဲသို့နစ်သွားခဲ့လေသည်။ ရှင်ယဲ့ မှန်ကို စိတ်မဝင်စားဘဲ မျက်နှာနှင့် ဆံပင်များကိုသာ သန့်ရှင်းဆေးကြောနေခဲ့သည်။

ပုံမှန်ကြားရက်များတွင် ရှင်ယဲ့ ရေချိုးသည်မှာ အလွန်ဆုံး ငါးမိနစ်သာကြာသည်။ ယခုတွင်မူ ဆံပင်မှာလည်း ရှည်နေသည့်အပြင် ရက်အတော်တော်ကြာ မလျှော်ဘဲထားထားလေသည်။ ဂိမ်းဇာတ်လမ်းတွင် ပါဝင်သည့် ဘယ်အခေတ်အခါကမှန်းမသိတဲ့ ခေါင်းလျှော်ရည်မှာလည်း သိပ် ချေးကျွတ်ပုံမရပေ။ ရှင်ယဲ့ ရေချိုးရသည်မှာ သုံးမိနစ်ခန့်သာကြာသော်လည်း ခေါင်းကိုလျှော်နေတာနှင့်ပင် နာရီဝက်လောက် အချိန်ကုန်သွားလေ၏။

သူ ကိုယ်လက်သန့်စင်ပြီးသည့်အခါ ဆံပင်မှ အညစ်အကြေးများက ကိုယ်ပေါ်သို့ တဖန်ပြန်မကျအောင် အင်္ကျီလဲပြီးမှ ခေါင်းကို သက်သက်လျှော်လိုက်လေသည်။

ဆံပင်များအားလုံးကို သန့်ရှင်းစွာ လျှော်ပြီးနောက်တွင် ဇလုံထဲရှိ ရေများမှာ နောက်ကျိသွားပြီး မီးခိုးရောင် အဖြစ်သို့ ပြောင်းသွားလေသည်။ ရူပဗေဒ၏ နိယာမများနှင့် ဆန့်ကျင်စွာပဲ မှန်မှာ ရေပေါ်သို့ ရုန်းကန်လျက် ပေါ်လာလေ၏။ မှန် မျက်နှာပြင်မှာလည်း မီးခိုးရောင်ပြောင်းကာ မှောင်မိုက်နေပြီး ဘာကိုမှ ရောင်ပြန်ဟပ်ခြင်း မရှိပေ။

ရှင်ယဲ့ မှန် ရုန်းကန်နေရသည်ကို အေးစက်စွာထိုင်ကြည့်နေပြီးနောက် ရေဇလုံဘေးမှ အင်တုံအသေးလေးကို ယူလိုက်ကာ မေးလေသည်။

"ဒီမှာ ရေသန့်တွေရှိသေးတယ်။ မင်းကော ရေချိုးချင်လား?"

"အင်း!" မှန်ပေါ်ရှိ အာမေဍိတ်သင်္ကေတမှာ စာလုံးထက်ပိုကြီးနေလေသည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now