Chapter 59 _ ပရိုဂျက်တာ

851 199 2
                                    


(Unicode)

ကွမ်းလင်က ရှင်ယဲ့ ပြောခဲ့သည့် စကားအား သတိရသွားပြီးနောက် ဆိုလိုက်လေ၏: "မြို့ပိုင်က ဘန်းနဒစ်ကို ရှာပြီး သတ်မလို့လုပ်နေတယ်ဆိုတော့၊ အဲ့ဒီ ဆရာကြီးက လူဆိုးလို့ ဆိုလိုနေတာ မဟုတ်ဘူးလား?"

"ဒီလောက်အထိတော့ မသေချာနိုင်သေးဘူး။ မြို့ပိုင်ကလည်း လူဆိုးဖြစ်နေနိုင်တယ်။ ကိုယ်ဖန်တီးခဲ့တဲ့ ရုပ်သေးရုပ်က ကိုယ့်ကိုယ် ပြန်သတ်ဖို့လုပ်နေတယ်ဆိုတော့၊ ဘန်းနဒစ်ကမှ အရမ်းသနားစရာကောင်းနေတာ မဟုတ်ဘူးလား?" ရန်ဒီက ပြန်မေးလိုက်လေ၏။

သူက ကွမ်းလင်အား စကားစရှာမရအောင် လုပ်လိုက်သည့်အခါ၊ ကွမ်းလင်မှာ မနေနိုင်စွာဖြင့် ရှင်ယဲ့အား လှည့်ကြည့်လိုက်လေသည်။ ဒီအချိန်မှာတော့ သူ လေးစားရသည့် ဘော့စ်က တိတ်ဆိတ်နေသည်။ စကားတစ်ခွန်းမှ မဟချေ။ 

လက်ရှိအချိိန်တွင် သဲလွန်စအလွန်နည်းနေသေးသည်။ နှစ်ဖက်လုံးက ကောင်းတာကော ဆိုးတာကော ဖြစ်နေနိုင်သည့်အတွက် ရှင်ယဲ့ အလျင်စလို ကောက်ချက်ချ၍ မဖြစ်ဟု ခံစားရသည်။​

မြစ်ကမ်းတစ်လျှောက် ငါးနာရီကနေ ခုနစ်နာရီခန့် လမ်းလျှောက်သွားပါက မိုင်းတွင်းသို့ရောက်လိမ့်မည်ဟု ဦးနစ်က ဆိုခဲ့သည်။ ဒါကတောင် အမျိုးအစားအသစ်ရုပ်သေးရုပ်၏ သွားနှုန်းနှင့် တွက်ထားသည်မှာ သေချာသလောက်ပင်။  ရှင်ယဲ့လို အမျိုးအစားအဟောင်းရုပ်သေးရုပ်များကတော့ သုံးနာရီလောက် ခပ်သုတ်သုတ်လျှောက်ပြီးသည်နှင့် ခဏရပ်ကာ ဒူးများကို အနားပေး၍ သံပတ်လှည့်ရန် လိုအပ်လေသည်။ ခုနစ်နာရီနှင့် ဘယ်လိုမှ မရောက်ခဲ့ချေ။ သူတို့ ၁၀နာရီလောက် လမ်းလျှောက်ခဲ့ရသည်။ မိုင်းကိုရောက်သည့်အချိန်မှာတော့ မိုးချုပ်နေပြီဖြစ်သည်။ 

"ဒါနဲ့ သတ္တုရိုင်းဆိုတာက ဘာကြီးလဲ?" လမ်းပေါ်၌ ကွမ်းလင်က ရှင်ယဲ့၏ အချက်ပြမှုအရ မေးလိုက်လေ၏။

ကွမ်းလင်က စကားများသည်ကြောင့်၊ ရှင်ယဲ့က သူအား ရန်ဒီတို့အဖွဲ့နှင့် ပြောဆိုဆက်ဆံခိုင်းထားခြင်းဖြစ်သည်။ ရှင်ယဲ့နှင့် ချောင်ချန့်က သူ၏  လေပေါမှုနောက်တွင် ပုန်းကွယ်နေကြပြီး၊ သူတို့၏ စရိုက်လက္ခဏာများကို သုံးသပ်မခံကြချေ။

High Energy QR Code [ Myanmar translation ]Where stories live. Discover now