Chapter 37 _ တာဝန်ကျရုံးခန်း

1.1K 276 5
                                    

 
(Unicode)

နှစ်လွှာသို့ လျှောက်သွားလိုက်သည်နှင့်၊ ကျောချမ်းစရာ ခံစားချက်က အသည်းထဲထိ ဝင်ရောက်လာခဲ့သည်။

ချောင်ချန့်လည်း အေးစက်စက်အငွေ့အသက်ကြောင့် အနည်းငယ် မသက်မသာ ခံစားလာရကာ လက်မောင်းများကို ပွတ်လိုက်မိသည်။

သူမ လှေကားပေါ်၌ ရပ်နေရင်းဖြင့် တွေ့လိုက်ရသည်မှာ၊ ရှင်ယဲ့က စင်္ကြံလမ်းပေါ်ရှိ မည်သည့်အရာကို ကြည့်လို့ ကြည့်နေမှန်းမသိ စူးစူးစိုက်စိုက် ကြည့်လျက်ရှိနေသည်ကိုပင်။ ထို့ကြောင့် အအေးဒဏ်ကို အံတုကာ သူ့ဘေးသို့ လျှောက်သွားလိုက်သည်။ ရှင်ယဲ့၏ အကြည့်များရှိသို့ လိုက်ကြည့်လိုက်သောအခါ၊ သူမမျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချောင်ချန့်မှာ အလွန်ပင် ထိတ်လန့်သွားခဲ့ရလေသည်။

'မွန်နာလီဇာအပြုံး' တစ်ခုတည်းသာမဟုတ်ပါဘဲ၊ နှစ်လွှာ စင်္ကြံတစ်ခုလုံး၏ နံရံထက်တွင် ထို ပန်းချီကားများနှင့်သာ ပြည့်နှက်လျက်ရှိနေခဲ့လေ၏။

ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က သူမ၏ လက်ချောင်းများကို ပြန်ကိုက်ကာ၊ ထွက်လာသော သွေးများဖြင့် ပန်းချီကားပေါ်သို့ သွေးရူးသွေးတန်း သုတ်လိမ်းလျက် ရှိနေလေသည်။ သုတ်လိမ်းနေရင်းမှာပဲ ကြက်သီးထဖွယ် ရယ်သံတစ်ခုအား ပြုလိုက်လေ၏။

"ဟား ဟား ဟား၊ တစ်ခု ၂၀ မှတ်၊ နှစ်ခု ၂၀ မှတ်၊ ဟား ဟား ဟား"

မိန်းကလေး၏ ဘေးတိုက်ပုံသဏ္ဌာန်မှတစ်ဆင့် မြင်နိုင်သည်မှာ ပိုင်ရွှိဖြစ်ကြောင်းကိုပင်။

ဒါကို ဘယ်လိုလုပ်ရမလဲ? ချောင်ချန့် လက်ထဲတွင် သေနတ်တစ်လက်သာ ရှိပြီး၊ လက်ဗလာဖြင့် တိုက််ခိုက်မည်ဆိုပါကလည်း ပိုင်ရွှိအား ထိခိုက်အောင် လုပ်နိုင်ချေ မရှိလှချေ။

"သူ ငါတို့ကို သတိမထားမိခင် အောက်ဆင်းရမယ်" ရှင်ယဲ့ ဆိုလိုက်သည်။

ပန်းချီကားများကို ကြည့်လိုက်သည်နှင့် ပိုင်ရွှိက ပန်းချီကားအကုန်လုံးအား ရေးဆွဲ၍ မပြီးသေးသည်ကို တွေ့နိုင်လေသည်။ ထို့ကြောင့် ထွက်ပေါက်ရဖို့ အချိန်တော့ ရှိနိုင်သည်။

High Energy QR Code [ Myanmar translation ]Where stories live. Discover now