Chapter 26 _ ရေမွှေး

1.2K 315 13
                                    


(Unicode)

ရှင်ယဲ့ ချောင်ချန့်အား စိတ်ငြိမ်အောင် လုပ်ပေးပြီးသည့်နောက်၊ သူမကို ယောကျ်ားလေးသန့်စင်ခန်းထဲမှ ထွက်စေရန် ဖျောင်းဖျရတော့၏။ မိန်းကလေးတစ်ယောက်က ယောကျ်ားလေးသန့်စင်ခန်းထဲ၌ ကျောင်း၏ နာမည်ကြီး သူဌေးသားတစ်ယောက်နဲ့အတူ နံရံံ‌ေဘးကပ်နေသည့် မြင်ကွင်းမှာ သိပ်တော့ ကြည့်မကောင်းလှချေ။ နံရံဆီသို့ အတွန်းခံထားရသူမှာ ရှင်ယဲ့ဖြစ်သော်လည်း၊ ပုံမှန်အားဖြင့် ပြောရလျှင် ကောလဟာလများထွက်သွားခဲ့သည် ရှိသော် ပိုပြီး နစ်နာရမည့် သူမှာ မိန်းကလေးသာဖြစ်သည်။

နှစ်ယောက်စလုံး ခေါင်မိုးထပ်ဆီသို့ သွားရန်အတွက် လှေကားပေါ်သို့ တက်လိုက်ကြသည်။ ဒါက manhua ထဲကလို ခေါင်မိုးပေါ်တက်သည့် လှေကားမျိုးနဲ့တော့ ခြားနားသည်ပင်။ ဒီလှေကားမှာတော့ အဆောက်အဦးဆောက်သည့် အချိန်တုန်းက နံရံပေါ်ကပ်ပြီး တည်ဆောက်ထားသည့် အရေးပေါ် သံလှေကားသာဖြစ်သည်။ အလွန်မြင့်တာကြောင့် ထိန်းသိမ်းရေး အလုပ်သမားတွေလည်း လှေကားရှိမှ တက်၍ ရနိုင်မှာဖြစ်သည်။ ချောင်ချန့်ကတော့ ပေါ့ပေါ့ပါးပါးလေး ခုန်ပျံကျော်လွှားလိုက်သည်နှင့် ခေါင်မိုးထပ်သို့ ရောက်သွားလေတော့သည်။ ရှင်ယဲ့လည်း အားကျမခံ ပြတင်းပေါက်ဘောင်ပေါ်သို့ နင်းကာ ခုန်လိုက်၏။ ကံကောင်းစွာဖြင့် သူ၏ အရည်အချင်းကလည်း သိပ်မဆိုးလှတာကြောင့် အရှက်တကွဲအကျိုးနည်းတော့ မဖြစ်သွားပေ။

"ဒီမှာဆိုရင် ပိုပြီး တိတ်တဆိတ်ရှိတယ်လေ။ ပုံမှန်ကျောင်းသားတွေကတော့ ဒီလို အန္တရာယ်များတဲ့ လှေကားတွေပေါ် တက်လာမှာ မဟုတ်ဘူး။ တက်လာနိုင်တဲ့လူဆိုလို့ ထိန်းသိမ်းရေးအလုပ်သမားတွေနဲ့ ကစားသူတွေပဲရှိတယ်" ရှင်ယဲ့ ဆိုလိုက်၏။ "ဒါနဲ့ မေးကြည့်တာ၊ မင်းက တကယ်တမ်း ယောကျ်ားလား၊ မိန်းမလား?"

"နင် ကြည့်ရုံနဲ့ မသိဘူးလား?" ချောင်ချန့်က သူမ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြလေ၏။

ရှင်ယဲ့ နှုတ်ဆိတ်သွားလေတော့သည်။ အရင်ကမ္ဘာတုန်းက သူ၏ ရင်ဘတ်က ချောင်ချန့်ထက် ပိုကြီးလေသည်။ မတူတာကတော့ ယောကျာ်းလေးပါ ဖြစ်နေတာပင်။

High Energy QR Code [ Myanmar translation ]Nơi câu chuyện tồn tại. Hãy khám phá bây giờ