Chapter 14 _ ထောင်ချောက်

1.4K 356 11
                                    


(Unicode)

မှန်ကို ဒီအတိုင်း လွှင့်ပစ်လိုက်လို့ကတော့ မရနိုင်ချေ။ မှန်က အကြောင်းအရာတော်တော်များကို သိထားလေသည်။ သို့သော် ပြောပြဖို့ကို ငြင်းဆန်နေသည်။ ဒါမှမဟုတ် ပြောမပြနိုင်တာလည်း ဖြစ်နိုင်သည်။ ရှင်ယဲ့ အခုအချိန်မှာတော့ မှန်ကို အမှန်တကယ်လိုအပ်နေလေ၏။

“မှော်ဝင်မှန်ရေ… ငါ့ကို ပြောစမ်းပါ။ ဘုရင်မကို မကောင်းတဲ့အလုပ်တွေ ဆက်မလုပ်တော့အောင် ဘယ်လိုတားဆီးနိုင်မလဲ?” ရှင်ယဲ့ မေးလိုက်သည်။

ဤသည်မှာ ဇာတ်လမ်း၏ အခရာအကျဆုံး အကြောင်းအရာပင်ဖြစ်သည်။ Systemရော၊  နောက်ခံဇာတ်ကြောင်းပြောသူရော၊ မှန်ကပါ ရှင်ယဲ့ကို ပြောပြမည်မဟုတ်ဘဲ၊ ကွပ်မျက်သူကိုယ်တိုင် ရှာဖွေဖော်ထုတ်ရမည့် ဇာတ်လမ်းထဲ၌ ကွယ်ဝှက်ထားသော အရာသာဖြစ်၏။

ဒီနေ့မှာတော့၊ ရှင်ယဲ့ System၏ အလုပ်လုပ်ပုံကို အကြမ်းဖျင်း နားလည်သွားခဲ့ပြီဖြစ်သည်။

Systemက ကံကြမ္မာလိုက်နာသည့် ကစားသူများအား အလုံးစုံသော စည်းမျဉ်းများ၊ ကံကောင်းနှုန်း တန်ဖိုးများ စသဖြင့် အကျိုးကျေးဇူးများနှင့် ကန့်သတ်ချက်များကို ဖန်ဆင်းရှင်တစ်‌ယောက်နေရာကနေ ပေးထားသည်။ ကံကြမ္မာဆန့်ကျင်သူများကိုတော့ ကွယ်ဝှက်ထားသော စည်းမျဉ်းများနှင့် လွတ်လပ်မှုတို့ကိုသာ အခွင့်အရေးလျော့နည်းစွာ ပေးထားလေသည်။

ရှင်ယဲ့ ကြိုးကိုင်ခြယ်လှယ်သူသုံးယောက်အကြောင်းကို စဉ်းစားကြည့်ဖူးသည်။ သူတို့က ဇာတ်သိမ်းခြောက်ခုထဲက တစ်ခုကို ရောက်သည်နှင့် အနိုင်ရနိုင်သည်ပင်။ ဇာတ်လိုက်သုံးယောက်ထဲက တစ်ယောက်ဖြစ်သည့် ကလယ်ရာကို သူတို့ မထိန်းချုပ်နိုင်ချေ။ သို့သော် နောက်ထပ်သုံးယောက်မှာ သူတို့ကိုယ်တိုင်ပင် ဖြစ်လေသည်။ ဆိုရလျှင် အစောင့်တပ်မှူးချုပ်က ဘုရင်မ၏ အချစ်တော်အမျိုးသားနှင့် မတည့်အတူနေဆက်ဆံရေးရှိပြီး နောက်ဆုံးတွင် သတ်ဖြတ်လိုက်သည်ဆိုသော ဇာတ်သိမ်းမျိုးကိုသာ ဖန်တီးဖို့ လိုအပ်လေသည်။ အနိုင်ရဖို့အတွက် ကလယ်ရာကိုတောင် လိုတော့မှာမဟုတ်ချေ။

High Energy QR Code [ Myanmar translation ]Where stories live. Discover now